Social Icons

Pages

Monday, November 17, 2014

အသေးစား ၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် အခက်အခဲအချို့ ရှိနေ


တောင်ကြီး ၊ ၁၇-၁၁-၂၀၁၄

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ဒေသတွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ပံ့ပိုးလုပ်ဆောင် မှုများ ရှိနေသော်လည်း အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ လုပ်ငန်း (ပုံ)များ တိုးတက်ရေး လုပ်ဆောင်ရာ၌ အခက်အခဲ အချို့ ရှိနေကြောင်း အဆိုပါ အသိုင်းအဝိုင်းမှ သိရသည်။

''နိုင်ငံတော် အစိုးရက ကျွန်တော်တို့ အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို ဒီနှစ်ထဲမှာ ပိုပြီး ထိထိရောက်ရောက် နဲ့ ငွေကြေးပိုင်းက အစ ကူညီပံ့ပိုး ပေးပါတယ်။ ခက်တာက၊ ဖွံ့ဖြိုး တိုးတက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲတွေ ရှိပါတယ်။ တစ်ခုက လုပ်ထုံးလုပ်နည်း ဥပဒေ၊ ညွှန်ကြားချက်၊ နောက်တစ်ခုက ငွေရေးကြေးရေး ပါ။ ဥပမာ တစ်ခု ပြရရင် ပင်းတယ မြို့နယ်မှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပေ ၂ဝ၊ ပေ ၃ဝ အဆောက်အအုံ ထဲမှာ စက်ငယ်လေး တည်ဖို့ လုပ်တဲ့အခါ မြေစာရင်းက ယာမြေကို တခြားလုပ်ငန်း လုပ်ပိုင်ခွင့် နဲ့ ကိုင်တဲ့အတွက် လုပ်ခွင့် မရခဲ့ဘူး။ ကျွန်တော်တို့လို စက်ငယ်လေး တည်တာကိုသာ လုပ်ထုံးလုပ်နည်း၊ ဥပဒေ ညွှန်ကြားချက် တွေနဲ့ ဟန့်တားမှု ခံရပေမယ့် ယာမြေ ကျယ်ကြီးတွေကို သစ်တော နောက်မှာ အကွက်ရိုက် ရောင်းနေတာတွေ ဧကပေါင်း မနည်းပါဘူး။ တောင်ကြီး ဟိုပုံးမြို့ အထွက်က သစ်တောနောက်မှာ အကွက်တွေရိုက် အိမ်တွေဆောက် နေတာတွေ ကြတော့ လုပ်ထုံးလုပ်နည်း တွေနဲ့ ညီရဲ့လား၊ အမှန်တကယ်ရော တိုင်းပြည် အတွက် အခွန် ရရဲ့လား စတဲ့ မေးခွန်းတွေက မေးစရာ အများကြီးပါ ... . '' ဟု အသေးစား ကုန်ထုတ် လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပြသည်။

လက်ရှိ အနေအထား အရ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူ များသည် လုပ်ငန်းတိုးချဲ့ လုပ်ဆောင်ရာ၌ လုပ်ထုံးလုပ်နည်း၊ ဥပဒေ ညွှန်ကြားချက် များပြကာ ဌာနအချို့၏ တားမြစ်ခြင်းများ ခံရသည့် အတွက် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...