Social Icons

Pages

Friday, October 10, 2014

ကမ္ဘာ့အရှားပါးဆုံး Morning Glory တိမ်ဖွဲ့စည်းမှု သြစတြေးလျတွင် ဖြစ်ပေါ်မည်




ဆစ်ဒနီ ၊ ၁၀-၁၀-၂၀၁၄

ကမ္ဘာပေါ်တွင် မည်သည့် နေရာတွင်မျှ ဖြစ်ပေါ်ခြင်း မရှိသေးသော Morning Glory တိမ်တိုက်ကြီးများ (ပုံ)ကို သြစတြေးလျ နိုင်ငံ ကွင်းစလန်း ဒေသတွင် နွေဦးအခါ ရောက်တိုင်း တွေ့မြင်ရလေ့ ရှိပြီး ယခုလည်း နွေဦး အခါသမယ သို့ ရောက်ရှိပြီ ဖြစ်၍ ယင်း ထူးဆန်းသော တိမ်တိုက်ကြီး များကို ကြည့်ရှုရန် နိုင်ငံတကာမှ တဖွဲဖွဲ ရောက်ရှိ နေကြပြီ ဖြစ်ကြောင်း သိရသည်။

Morning Glory တိမ်တိုက် များသည် စီးကရက်သဏ္ဌာန် ရှိပြီး အရှည် ကီလိုမီတာ ၁ဝဝဝ ခန့် ရှိနိုင်သည်။ သြစတြေးလျ နိုင်ငံ ကွင်းစလန်း ဒေသ အနောက် မြောက်ပိုင်း ကာပင်တီးရီးယား ပင်လယ်ကွေ့ အနီး Gulf Country မြို့တစ်ခုတည်း တွင်သာ တွေ့မြင်ရလေ့ ရှိကြောင်း သိရသည်။

သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကား များတွင် မြင်ရလေ့ ရှိသော စကြဝဠာ တစ်ခုနှင့်တစ်ခု ကူးသည့် တံခါးပေါက် Worm Hole နှင့် ဆင်တူသော Morning Glory တိမ်တိုက်ကြီး များသည် အပူချိန် ကျဆင်းခြင်း၊ လေဖိအား မြင့်တက် လာခြင်း၊ ပင်လယ်ဘက် မှ လေအေးများ တိုက်ခတ် လာခြင်း တို့ကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။

တိမ်တိုက်၏ အရှေ့ပိုင်းမှ လေထုက အပေါ်ဘက်သို့ လျင်မြန်စွာ တက်နေပြီး အနောက်ပိုင်းမှ လေထုက အောက်ဘက်သို့ ကျဆင်းသည့် အတွက် တိမ်တိုက်မှာ ဆလင်ဒါ တစ်ခုနှယ် လိမ့်နေခြင်း ဖြစ်သည်။ မြေပြင်အထက် နှစ်ကီလိုမီတာ အမြင့်တွင် အဆိုပါ Morning Glory တိမ်တိုက်များကို ၁ဝ ခုထက်မက တွေ့မြင် ရတတ်ကြောင်း သိရသည်။

Morning Glory တိမ်တိုက် များသည် တစ်စက္ကန့်လျှင် ၁ဝ မီတာမှ မီတာ၂ဝ အထိ လျင်မြန်စွာ ရွေ့လျားနိုင်ရာ အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ၆ဝ နှင့် ညီမျှသည်။ ထိုသို့ ရွေ့လျားရာတွင် အနောက်ပိုင်း တိမ်တိုက်များ တဖြုတ်ဖြုတ် နှင့် ပျက်သွားပြီး အရှေ့ပိုင်း တွင် တိမ်တိုက် အသစ်များ ဆက်တိုက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သြစတြေးလျ နိုင်ငံ၏ Morning Glory ကို ကြည့်ရှုရန် ကမ္ဘာတစ်ဝန်းမှ လူပေါင်း ထောင်နှင့်ချီ လာရောက်လေ့ ရှိပြီး အချို့ကလည်း ဂလိုက်ဒါများ စီးကာ Morning Glory များထံ အရောက် သွားရောက် လေ့လာ ကြည့်ရှုကာ ဂုဏ်ယူ ဝင့်ကြွားစွာ မှတ်တမ်း တင်လေ့ ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...