Social Icons

Pages

Friday, October 10, 2014

ကင်ဆာရောဂါ အချို့ကို အထူးထိရောက်စွာ တိုက်ဖျက်ပေး နိုင်သည့် ဘယ်ရီသီး ကိုတွေ့ရှိ


A cancer-fighting berry has been found on a tree that ONLY grows in far North Queensland...and human trials have already been approved

ကွင်းစလန်း ၊ ၁၀-၁၀-၂၀၁၄

သြစတြေးလျ နိုင်ငံ ကွင်းစလန်း ဒေသတွင် ကင်ဆာရောဂါ အချို့ကို အထူး ထိရောက်စွာ တိုက်ဖျက် နိုင်သည့် ဘယ်ရီသီး တစ်မျိုးကို သဘာဝအတိုင်း ပေါက်နေသည်ကို သိပ္ပံပညာ ရှင်များက လွန်ခဲ့သော ရှစ်နှစ်ခန့်က စတင် တွေ့ရှိခဲ့ပြီး ယင်း ဘယ်ရီသီး အာနိသင်ဖြင့် ကင်ဆာရောဂါ တိုက်ဖျက်ခြင်းကို လူသားများတွင် စတင်စမ်းသပ် ကြည့်နေပြီ ဖြစ်ကြောင်း သိရသည်။

မိုးသစ်တော များတွင် သဘာဝအတိုင်း ပေါက်နေသော Blushwood Tree အပင်မှ ဘယ်ရီသီးများ (ပုံ)ကို ဒေသခံ လူမျိုးစုများက အစွမ်းထက် ဆေးဝါးအဖြစ် အသုံးပြု နေခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီး ယင်း ဘယ်ရီသီး အာနိသင်ကို ထုတ်ယူကာ ကင်ဆာ တိုက်ဖျက်ရေး ဆေးဝါးအဖြစ် ဖော်စပ် ထုတ်လုပ်ပြီး ကြောင်၊ ခွေး၊ မြင်းတို့၏ ကင်ဆာအကျိတ် များကို ကုသကြည့်ရာ အောင်မြင်မှု ရရှိခဲ့ပြီးနောက် လူတို့၏ မျက်နှာနှင့် လည်ပင်းတို့တွင် ဖြစ်တတ်သော ကင်ဆာ အကျိတ်များ၊ အရေပြား ကင်ဆာများ ကို ယင်း ဘယ်ရီသီး အာနိသင် ဆေးဝါးဖြင့် စမ်းသပ် ကုသကြည့် နေပြီဖြစ်ကြောင်း သိရသည်။

''ဒီဘယ်ရီသီးရဲ့ အစေ့ထဲမှာ ထူးခြားတဲ့ အာနိသင် ရှိပါတယ်။ ဒီ အာနိသင် ဖွဲ့စည်းပုံဟာ အလွန် ရှုပ်ထွေးလှ ပါတယ်။ ဒီ ဘယ်ရီသီးမှာ ဘာကြောင့် ဒီ အာနိသင်မျိုး ရှိနေတယ် ဆိုတာ နားမလည် နိုင်အောင်ပါပဲ။ ဒါပေမဲ့ ဒီ အာနိသင်က ကင်ဆာ အကျိတ်ဆဲလ် တွေကို တိုက်ရိုက် သတ်နိုင်ပြီး ကင်ဆာ အကျိတ်ထဲ သွေးစီးဆင်းမှု ကိုလဲ ဖြတ်တောက် ပေးနိုင်သလို အဲဒီ အကျိတ်ဆဲလ် အသေတွေကို ခန္ဓာကိုယ်က အလိုအလျောက် ရှင်းထုတ်ပစ် နိုင်အောင်လဲ ခုခံရေးစနစ် တစ်ခုလုံးကို လှုံ့ဆော် ပေးပါတယ် .. '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

ယင်း ဘယ်ရီသီး အာနိသင်ဖြင့် ထုတ်လုပ်ထားသော ဆေးမှာ EBC-46 ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိသည့် အပြင် ကင်ဆာဆဲလ် များကို တိုက်ဖျက် ရာတွင်လည်း အလွန် မြန်ဆန်သည်။ EBC-46 ကို အကျိတ်အနီးတွင် ထိုးထည့် ပေးလိုက်လျှင် ငါးမိနစ်အတွင်း ကင်ဆာဆဲလ် များကို သတ်ပစ်သည်။ ၁၅ ရက်အတွင်း ကင်ဆာအကျိတ် တစ်ခုလုံး ခြောက်သွားပြီး ခန္ဓာကိုယ်မှ ကွာထွက်သည်ကို တွေ့ရှိခဲ့ ကြသည်။

အဆိုပါ ဘယ်ရီသီး ပေါက်သော Blushwood  အပင်ကို ယခု ဖော်ပြပါ ကွင်းစလန်း ဒေသတွင်သာ တွေ့ရပြီး အခြားနေရာ များတွင် ပြောင်းရွှေ့ စိုက်ပျိုးကြည့်ရာ ဖြစ်ထွန်းခြင်း မရှိခဲ့ပေ။ သို့သော် ကွင်းစလန်းတွင် ပေါက်နှင့်ပြီး Blushwood အပင်များမှ ဘယ်ရီသီး များသည် လူသား အပေါ် စမ်းသပ် ကုသရန် အလုံအလောက် ရှိနေသည့်အတွက် စိုးရိမ်စရာ မရှိသေး သော်လည်း ဆေးအောင်မြင်၍ ကမ္ဘာတစ်ဝန်း အတွက် ထုတ်လုပ်မည် ဆိုလျှင် အခက်အခဲများ ရှိနိုင်ကြောင်း သိရသည်။

EBC-46 ဖြင့် ခန္ဓာကိုယ် အပြင်ပိုင်း ကင်ဆာ များကိုသာ ကုသနိုင်မည် ဖြစ်ပြီး ခန္ဓာတွင်း ကင်ဆာများ အတွက်မူ အကျိုးမထူး နိုင်သေးကြောင်း သိရသည်။

#Themyawadydaily


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...