Social Icons

Pages

Tuesday, August 7, 2018

ချပ်သင်းဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ်တာကာလအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အသေးစိတ်ရေးဆွဲ



ကန့်ဘလူ ၇-၈-၂ဝ၁၈

၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ခုနှစ်ထိ ငါးနှစ်တာကာလအတွင်း ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်အကောင်အထည် ဖော်သွားမည့် လုပ်ငန်းများ အသေးစိတ်ရေးဆွဲခြင်းကို ယနေ့အပြီးရေးဆွဲ ခဲ့ကြောင်းချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၏ ပြောပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ကို ၂ဝ၁၉ခုနှစ်မှ ၂ဝ၂၃ခုနှစ်ထိ အကောင်အထည် ဖော်ဆောင်ရွက် သွားမည့်လုပ်ငန်းများ ပြုစုရေးဆွဲခြင်းကို သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ၊ ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောနှင့် တောရိုင်းတိရစ္ဆာန် မိတ်ဆွေများ အသင်း (FOW)တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ချပ်သင်းဘေးမဲ့တော စမ်းမြောင်စခန်းတွင် သြဂုတ် ၂ရက်မှစတင်ကာ အသေးစိတ် လုပ်ငန်းခေါင်းစဉ်များ အလိုက်နှင့် တွက်ချက်မှုများကို ညှိနှိုင်းဆွေးနွေးရေး ဆွဲခဲ့ကြောင်း သိရသည်။

ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ငါးနှစ်တာကာလအတွင်း သမင်ကောင်ရေ တိုးတက်စေရေး၊ အင်တိုင်းတောဂေဟစနစ်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ တည်တံ့စေရေး၊သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးနှင့် အခြားဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများပါဝင်မည် ဖြစ်သည်။

ဘေးမဲ့တော အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ရေးဆွဲခြင်းနှင့်အတူ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်းတည်ထောင်ခြင်းနှင့် ပတ်သက်၍ ဘေးမဲ့တောအနီးဝန်းကျင် ဒေသများဖြစ်သည့် ဖိုးသာဇံတောင် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အသုံးပြုသူများအဖွဲ့၊ချပ်သင်းကျေးရွာ သာစည်ရပ်ကွက် အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အသုံးပြုသူများ အဖွဲ့တို့ကို သြဂုတ် ၄နှင့်၅ရက်တို့က စမ်းမြောင်စခန်း၌ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...