Social Icons

Pages

Sunday, October 12, 2014

အမေရိကန် ကျွမ်းဘားအလှမယ် ဆိုင်မွန်ဘေးလ် ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆု ဆွတ်ခူး


Simone Biles competes on vault at the 2014 World  Artistic Gymnastics Championships in Nanning, China on Oct. 10, 2014.

နန်နင်း ၊ ၁၂-၁၀-၂၀၁၄

အမေရိကန် ပြည်ထောင်စုမှ ကျွမ်းဘား အလှမယ် ဆိုင်မွန်ဘေးလ် သည် အောက်တိုဘာ ၁ဝ ရက်က တရုတ်နိုင်ငံ၌ ယှဉ်ပြိုင် ကစားခဲ့သော ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ ချန်ပီယံရှစ် ကျွမ်းဘား အလှပြပြိုင်ပွဲ ၏ ဘက်စုံ ကျွမ်းဘား အလှပြ ပြိုင်ပွဲတွင် ရမှတ်ပေါင်း ၆ဝ ဒသမ ၂၃၁ မှတ်ဖြင့် ၄င်း၏ ဒုတိယမြောက် ချန်ပီယံ ရွှေတံဆိပ်ဆု ကို ဆွတ်ခူး ရရှိ သွားကြောင်း Xinhua သတင်း တစ်ရပ်အရ သိရသည်။

အသက် ၁၇ နှစ်အရွယ်ရှိ ကျွမ်းဘား ချန်ပီယံ ဆိုင်မွန်ဘေးလ် သည် ယခုအခါ ၂ဝဝ၃ ခုနှစ်မှစ၍ ကမ္ဘာ့ဘက်စုံ ကျွမ်းဘား အလှပြ ချန်ပီယံဆုကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူး ရရှိသော ပထမဆုံး ကျွမ်းဘား အလှမယ် တစ်ဦး ဖြစ်လာသည်။

ယင်းပြိုင်ပွဲတွင် ရိုမေးနီးယား နိုင်ငံမှ ကျွမ်းဘား အလှမယ် လာရီဆာ အန်ဒရီယာ အော်ဒါချီ က ၅၉ ဒသမ ၇၆၅ မှတ်ဖြင့် ငွေတံဆိပ်ဆု ကို လည်းကောင်း ၊ အမေရိကန် ကျွမ်းဘား အလှမယ် ကိုင်လာရို့စ် က ရမှတ်ပေါင်း ၅၈ ဒသမ ၂၃၂ မှတ်ဖြင့် ကြေးတံဆိပ်ဆု တို့ကို လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...