မန္တလေး ၊ ၂၅-၈-၂၀၁၃
မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် ၂၀၁၂
- ၂၀၁၃ ပညာသင်နှစ် ကာလ အလှမယ် ပြိုင်ပွဲ အခမ်းအနား ကို သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက
အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနား တွင် မန္တလေး နိုင်ငံခြား
ဘာသာ တက္ကသိုလ် ၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင့်တင့် က အဖွင့် အမှာစကား ပြောကြားပြီး
မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် အားကစား နှင့် ကာယပညာ ဆပ်ကော်မတီ ၊ ကာယအလှမယ် ပြိုင်ပွဲ
ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန ၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ
ဒေါ်သက်ယု က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ဆက်လက်၍ ကာယအလှမယ် ပြိုင်ပွဲကို ကျင်းပရာ
ဘာသာရပ် အလိုက် ကျောင်းသူ ၁၂ ဦးက ၀င်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် တတိယဆု
ရရှိသူ မစုမြတ်ဝေ ( အင်္ဂလိပ်စာ ဘသာ ) နှင့် ဒုတိယဆု ရရှိသူ မနွေဦးခိုင် ( ကိုရီးယား
ဘာသာ ) တို့အား ဒဿနိက ဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ နန်ဂရောင် ကလည်းကောင်း ၊ ပထမဆု
ရရှိသူ မနွေးဇာခြည်ထွန်း ( တရုတ်ဘာသာ ) အား မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် ဒုတိယ
ပါမောက္ခချုပ် ဒေါက်တာ တင့်တင့် မှ လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြောင်း
သိရှိရသည်။
No comments:
Post a Comment