Social Icons

Pages

Monday, October 6, 2014

ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်း နှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို



ရန်ကုန် ၊ ၆-၁၀-၂၀၁၄

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် အစ္စရေး နိုင်ငံအစိုးရ တို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်း နှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို ယမန်နေ့ နံနက်၁၁ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်း နှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူ စာချုပ်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေး သံအမတ်ကြီး H.E. Hegay Moshe Behar တို့က အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ် ချုပ်ဆို ခဲ့ကြသည်။

အဆိုပါ သဘောတူ စာချုပ်အား လက်မှတ် ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ကောင်းမွန် လာမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု မှတစ်ဆင့် နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးပွား လာစေ၍ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက် နိုင်မည်ဖြစ်ကာ နိုင်ငံသားများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ လာမည် ဖြစ်သည်။ မြန်မာနိုင်ငံ သည် အစ္စရေးနိုင်ငံ နှင့် ရင်းနှီးမြှုပ်နှံမှု အပြန်အလှန် တိုးမြှင့်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်ကို ပထမဆုံး အကြိမ် အဖြစ် ချုပ်ဆိုခြင်း ဖြစ်ပြီး အလားတူ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာချုပ်ကို နိုင်ငံပေါင်း ၁ဝ နိုင်ငံနှင့် လည်း ချုပ်ဆို နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...