Social Icons

Pages

Tuesday, September 16, 2014

မြန်မာနိုင်ငံ၌ နိုင်ငံခြားသားများ PR စနစ်ဖြင့် နေထိုင်နိုင်စေရန် အောက်တိုဘာလတွင် အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၆-၉-၂၀၁၄

မြန်မာနိုင်ငံ၌ ကာလ ကြာမြင့်စွာ နေထိုင် လိုကြသော နိုင်ငံခြားသား များနှင့် ပြည်ပနိုင်ငံ များတွင် နိုင်ငံသား အဖြစ် ခံယူထားသော မြန်မာ နိုင်ငံသား များသည် Permanent Residence ( PR ) စနစ်ဖြင့် မြန်မာနိုင်ငံ၌ အချိန် ကြာမြင့်စွာ နေထိုင်နိုင်ရန် အတွက် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ကြီးမှူး စီစဉ် ဆောင်ရွက်လျက် ရှိရာ လာမည့် အောက်တိုဘာလ နောက်ဆုံးပတ် တွင် အပြီးသတ် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် အဆိုပါ Permanent Residence ( PR ) စနစ်ကို အကောင် အထည်ဖော် ရာတွင် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့်လည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ယခုအခါ ထိုကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး များ ပြုလုပ်လျက် ရှိကြောင်း၊ ထို အစည်းအဝေးပွဲ များမှ ရရှိလာသော ရလဒ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ ပေးပို့ လာသော အကြံဉာဏ် များနှင့် သဘောထား မှတ်ချက်များ အပေါ် အခြေခံကာ အပြီးသတ် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် ပြီးနောက် PR စနစ်ကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံတော်၌ ပြည်တွင်း ပြည်ပ စီးပွားရေး ကဏ္ဍများ နှင့် နည်းပညာ ဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ခဲ့သည့် အတွက် နိုင်ငံတကာမှ နိုင်ငံခြားသား အများအပြား လာရောက်လျက် ရှိရာ ၄င်းတို့ အနေဖြင့် လိုအပ်ပါက ဤ နိုင်ငံ၌ ရေရှည် နေထိုင်နိုင်ရန် ရည်ရွယ်၍ ပြည်တွင်း၌ Permanent Residence ( PR ) စနစ်ကို စတင်ကျင့်သုံး နိုင်ရေး ကြိုးစား ဆောင်ရွက် နေရခြင်း ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံ၌ အဆိုပါ PR စနစ်ကို စတင်ကျင့်သုံး သောအခါ ပြည်ပမှ ပညာရှင်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ၊ နိုင်ငံခြားသား သွေးနှော နေသူများ နှင့် ပြည်ပနိုင်ငံ များတွင် နိုင်ငံသား အဖြစ် ခံယူထားသော ပြစ်မှုပြစ်ဒဏ် မရှိသည့် မြန်မာ နိုင်ငံသားများကို PR သက်တမ်း တစ်ကြိမ်လျှင် ငါးနှစ်အထိ နေထိုင်ခွင့်ပြု သွားရန် စီစဉ် ထားကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...