Social Icons

Pages

Tuesday, September 16, 2014

အင်္ဂလိပ်စာ သင်ကြားနေသည့် မြန်မာ ဆရာ ဆရာမများအတွက် အွန်လိုင်းမှ သင်ကြားနိုင်သည့် e-Teacher scholarship အဝေးသင်ပညာသင်ဆု ပေးမည်



ရန်ကုန် ၊ ၁၆-၉-၂၀၁၄

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက အင်္ဂလိပ်စာ သင်ကြားနေသည့် ဆရာ၊ ဆရာမ များအတွက် အွန်လိုင်းမှ သင်ကြား နိုင်သည့် e-Teacher scholarship အဝေးသင် ပညာသင်ဆု ပေးမည် ဖြစ်ကြောင်း အဆိုပါ သံရုံးမှ သိရသည်။ e-Teacher scholarship အဝေးသင် ပညာသင်ဆု အစီအစဉ်ကို ၂ဝ၁၅ ခုနှစ်တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆု သည် အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြား နေသော ဆရာ၊ ဆရာမ များ၏ သင်ကြားမှု စွမ်းရည် ပိုမိုမြင့်မား လာစေရန် အတွက် ရည်ရွယ် ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ၏ ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြပါရှိသည်။

ယင်း e-Teacher scholarship အစီအစဉ်သည် ၁ဝ ပတ် ကြာမြင့်မည် ဖြစ်ပြီး လျှောက်ထား လိုသည့် ဆရာ၊ ဆရာမများ အနေဖြင့် အမေရိကန် တက္ကသိုလ် အဆင့် အင်္ဂလိပ်စာ အရေးအဖတ် TOEFL အမှတ် ပျမ်းမျှ ၅၂၅ မှတ် ရရှိထားသူ ဖြစ်ရမည်။ ၄င်းအပြင် ကွန်ပျူတာ နှင့် အင်တာနက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။ အွန်လိုင်း အဝေးသင် ပညာသင်ဆု အတွက် ရွေးချယ်ခံ ရသူများ အနက် သင်တန်းကာလ အတွင်း ထူးချွန်သည့် ဆရာ၊ ဆရာမများ အနေဖြင့် အမေရိကန် နိုင်ငံ၌ ရက်သတ္တ သုံးပတ်ကြာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် နိုင်မည့် အခွင့်အရေးကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

e-Teacher scholarship အဝေးသင် ပညာသင်ဆုကို လျှောက်ထား လိုသူများ အနေဖြင့် http://burma.usembassy.gov/ ဝက်ဘ်ဆိုက် စာမျက်နှာမှ တစ်ဆင့် ဝင်ရောက် လျှောက်ထား နိုင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...