Social Icons

Pages

Wednesday, September 17, 2014

အာဆီယံ - ယဉ်ကျေးမှု ပွဲတော်တွင် ဆိုင်ခန်းများ ခင်းကျင်းရောင်းနိုင်ရေး အသိပေးကြေညာ



နေပြည်တော် ၊ ၁၇-၉-၂၀၁၄

အာဆီယံ - ယဉ်ကျေးမှု ပွဲတော် (၂ဝ၁၄) ASEAN Culture Fare (2014) ကို ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ ပွဲတော်အတွင်း အာဆီယံနိုင်ငံ များမှ ရိုးရာ ယဉ်ကျေးမှု အဆိုအကများ၊ ရိုးရာဝတ်စား ဆင်ယင်မှု ပြပွဲများ၊ အထိမ်းအမှတ် ပစ္စည်း ရောင်းချခြင်းများ၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာ အစားအစာများ ခင်းကျင်း ပြသခြင်းများ ပါဝင်ပြသ ရောင်းချ သွားမည် ဖြစ်သည်။

ပွဲတော် ကာလအတွင်း ပုဂ္ဂလိက ခင်းကျင်း ရောင်းချ လိုသူများ အနေဖြင့် မြန်မာ့ရိုးရာ အစားအစာများ (အသင့်စားသုံး နိုင်သော အစားအသောက် များ)၊ ရိုးရာ ယဉ်ကျေးမှု အဝတ်အထည် နှင့် အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ ခင်းကျင်း ရောင်းချ နိုင်ရန် ဖိတ်ခေါ် ထားသည်။

ဆိုင်ခန်း တစ်ခန်းလျှင် ၉ ပေ ပတ်လည် အမိုးပါ အခန်းများ ဆောက်လုပ် ပေးထားမည် ဖြစ်ပြီး မိမိ အစီအစဉ်ဖြင့် ခင်းကျင်း ပြင်ဆင်ခြင်းများ ပြုလုပ် ဖွင့်လှစ် ရောင်းချရန် ဖြစ်သည်။

ဖွင့်လှစ် ရောင်းချ လိုသူများ အနေဖြင့် လျှောက်လွှာပုံစံ များအား ဦးသန့်ဇင် ညွှန်ကြားရေးမှူး (စီမံ) အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)ဖုန်း-ဝ၉ - ၅၁၂ ၁၄၅၁ နှင့် Xenon Company ဖုန်း
ဝ၁-၂၉၇ဝ၄၅ ၊ ဝ၁-၂၉၇၆ဝ၆၊ ဝ၁- ၃၉ ၈၈၄၄၊ ဝ၁-၃၉ ၈၇၈၇ များတွင် ဆက်သွယ် ရယူ နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...