Social Icons

Pages

Monday, September 15, 2014

ခရီးသွားလုပ်ငန်း အစီအစဉ်သစ်များ ရေးဆွဲရန် ထိုင်းခရီးသွား လုပ်ငန်းကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက် လေ့လာမည်



ရန်ကုန် ၊ ၁၅-၉-၂၀၁၄

ထိုင်းနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲ များ ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ထိုင်းနိုင်ငံသား အရေအတွက် သည် လျော့ကျ သွားခြင်း မရှိဘဲ ယခင်နှစ်များ အတိုင်းပင် အများအပြား လာရောက် လည်ပတ် နေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ထိုင်း ခရီးသွား ဧည့်သည် များ အများအပြား လာရောက် လည်ပတ် ကြခြင်းမှာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် အတွက် စရိတ်စက သက်သာခြင်း၊ လေကြောင်းလိုင်း အချို့၏ လေယာဉ် လက်မှတ်ခများ လျှော့ချ လာခြင်း တို့အပြင် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက်၊ ကော့သောင်း - ရနောင်း နှင့် ထီးခီး - စွန်(န်)ရွန် အစရှိသော နယ်စပ်ဂိတ် များကို နိုင်ငံကူး လက်မှတ်များ ဖြင့် ဝင်ထွက် သွားလာနိုင်သော အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်များ အဖြစ် သတ်မှတ် ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းများ သိသိသာသာ တိုးတက် ကောင်းမွန် စေခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ် ဂိတ်ပေါက်များမှ တစ်ဆင့် ထိုင်းခရီးသွား များသာမက အခြား နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ ဝင်ရောက်မှု တိုးမြင့် လာခဲ့ပြီး ထိုကဲ့သို့ ဝင်ရောက် လာကြရာတွင် အုပ်စုလိုက် Package ပုံစံများ၊ တစ်ဦးချင်း၊ နှစ်ဦးချင်း လွတ်လွတ် လပ်လပ် ခရီးသွား လာသော FIT ပုံစံများဖြင့် ဝင်ရောက်လျက် ရှိကြောင်း နှင့် ခရီးသွား ရာသီတွင် နယ်စပ် ဂိတ်ပေါက်များ မှ ကမ္ဘာလှည့် ခရီးသွားများ ဝင်ထွက်မှုသည် ပိုမို များပြားကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မှု များပြား လာခြင်းကြောင့် ထိုင်းနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင် များကလည်း မြန်မာနိုင်ငံ နှင့် ပတ်သက်သော ခရီးသွား လုပ်ငန်း အစီအစဉ် သစ်များကို ချမှတ် ရေးဆွဲ အကောင် အထည်ဖော်လျက် ရှိရာ ခရီးသွား လုပ်ငန်း ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့များ ကိုလည်း မြန်မာနိုင်ငံသို့ စေလွှတ်ပြီး အချက်အလက် များ ရယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...