Social Icons

Pages

Sunday, September 21, 2014

တရုတ်နိုင်ငံ လေ့လာရေးခရီး အထက်မြန်မာပြည် သတင်းစာဆရာများ သွားရောက်မည်


မန္တလေး ၊ ၂၁-၉-၂၀၁၄

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း၏ ဖိတ်ကြားချက် အရ အထက် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်းဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ညိမ်း (မြန်ဂုဏ်ဆောင်) နှင့်အဖွဲ့ဝင် ၁ဝ ဦးတို့ က အောက်တိုဘာလ တတိယပတ်မှ စတင်၍ တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ၏ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်း ဖလှယ်ရေး၊ ပိုမိုခိုင်မြဲ တိုးတက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် တက်ဟုန်း ပြည်နယ်ခွဲ နှင့် မြန်မာနိုင်ငံတို့ အကြား ကဏ္ဍ အသီးသီး ပူးပေါင်း ဆောင်ရွက်ရေး လေ့လာရေး ခရီး ထွက်ခွာမည် ဖြစ်သည်။

အဆိုပါ လေ့လာရေး ခရီးစဉ်တွင် အထက် မြန်မာပြည် သတင်းစာ ဆရာများ အသင်းဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိမ်း (မြန်ဂုဏ်ဆောင်) နှင့် ဒုတိယ ဥက္ကဋ္ဌ ခြောက်ဦး၊ အတွင်းရေးမှူး နှစ်ဦးတို့ ပါဝင်ကြမည် ဖြစ်သည်။

တရုတ် - မြန်မာ နှစ်နိုင်ငံသည် ရှေး ပဝေသဏီ ကပင် ဘိုးစဉ် ဘောင်ဆက် ချစ်ကြည် ရင်းနှီးကြသော အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ကြရာ ယူနန်ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲသည် တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ ၏ ချစ်ကြည် ရင်းနှီးစွာ ကူးလူး ဆက်ဆံလာမှု အများဆုံး ဒေသဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ် ဒေသသည် လူ အဝင်အထွက်၊ ကုန်စည် ပစ္စည်း၊ မော်တော်ယာဉ် သွားလာမှု နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု တွင် ပူးပေါင်း ဖလှယ်မှု အများဆုံး ဒေသဖြစ်သည်။

တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး သည် တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်မှု ပိုမိုခိုင်မြဲ တိုးတက်စေရေး အတွက် လည်းကောင်း၊ နှစ်နိုင်ငံအကြား ကြီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများ ပူးပေါင်း ဖလှယ်မှုများ ဆောင်ရွက် နိုင်ရေးအား အထောက်အကူပြု နိုင်ရန်အတွက် ဖွင့်လှစ် ထားရှိခြင်း ဖြစ်သည်။

အဆိုပါ တရုတ် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မြဲ တိုးတက်စေရေး အတွက် ပွင့်လင်း မြင်သာသော ခေတ်တွင် အထက် မြန်မာပြည် သတင်းစာ ဆရာများအသင်း မှ ပထမအကြိမ် လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...