Social Icons

Pages

Thursday, September 18, 2014

မြန်မာတို့၏ အမျိုးသား သင်္ကေတ ဒေါင်းလန်းကြီး



မြန်မာတို့၏ အမျိုးသား သင်္ကေတ ဒေါင်းလန်းကြီး

မကွေး လှမြင့်

မကွေးတိုင်း ဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ် ဧရာဝတီမြစ်အနောက်ဘက် တွင် ဇောင်ချမ်းတောင် ကျေးရွာကြီး ရှိပြီး စေတီပုထိုး ကျောင်းကန် ဇရပ်များ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါများစွာ တွေ့ရှိ ရသည့် အနက် ရွာဦးကျောင်း၌ ထိန်းသိမ်း စောင့်ရှောက် ထားသော ရှေးနှစ် ပေါင်း ၁၅ဝ ခန့်က ဒေါင်းလန်းကြီး မှာ ဝင့်ကြွား ထည်ဝါ လှသည်။ 

ယခုအချိန် တွင် ဤ ဒေါင်းလန်းကြီးမျိုး တွေ့ရှိရန် အတော်ရှားပါး နေပြီ ဖြစ်သည်။ ဒေါင်းလန်းကြီး မှာ နှစ်ပေခန့် အကျယ်ရှိပြီး မြန်မာ့ ယွန်းပညာဖြင့် လက်ရာ မြောက်စွာ ပြုလုပ် ထားသည်ကို တွေ့ရသည်။

ရှေးယခင်က ဒေါင်းလန်းကြီး နှင့် ပတ်သက်၍ ဆရာ မြို့မငြိမ်း ရေးသားပြီး မူရင်း အဆိုတော် ဦးဖူးအံ့ သီဆို ခဲ့သည်။ ''လက်ရည် တစ်ပြင်တည်း '' သီချင်း၏ စာပိုဒ် တစ်ခုကို သတိရ မိပါသည်။

''တောရွာသူတို့ အိမ်မယ် xx မြိန်ဖွယ် ပထမင်း xxx မိုးမျှော် ငရုတ်သီးထောင်း နဲ့ xx ကိုဆံရှည် ရယ် xx ဒေါင်းလန်းကြီး ရဲ့အလယ် xx ညီညွတ်ရေးနဲ့ xx အသက် ရှည်ရှည် x ခင်ခင်မင်မင် xx လက်ရည် တစ်ပြင်တည်း xxx ရှေးကထက် ပိုချစ်ကြတယ် ... '' ဟူ၍ ဖြစ်သည်။ ပကာသန မပါ အဆင့်အတန်း မခွဲ၊ ဒေါင်းလန်းကြီး ထဲတွင် ထမင်းဟင်းများ ထည့်ပြီး လက်ရည် တစ်ပြင်တည်း ဝိုင်းဖွဲ့ စားသောက်ခြင်း ဖြင့် ချစ်ကြည် ရင်းနှီးမှုကို ပို၍ ရစေခဲ့သည်။

ထို့ကြောင့် ဒေါင်းလန်း ဆိုသည်မှာ ချစ်ကြည် ရင်းနှီးမှု၏ သင်္ကေတ ဟု မှတ်ယူ နိုင်သည်။ ဤ ဒေါင်းလန်းကြီး သည် ရှေးမြန်မာကြီး များ၏ လက်မှုပညာ မည်မျှ အဆင့်မြင့် ကြောင်းလည်း တစ်ဖက် တစ်လမ်း မှ ထင်ဟပ်စေ ပါသည်။

အခါအခွင့် သင့်၍ လမ်းကြုံပါက ဆင်ပေါင်ဝဲမြို့ နှင့် တစ်ဖက်ကမ်း မှ ဇောင်ချမ်းတောင် ကျေးရွာ၏ ရွာဦးကျောင်း ၌ ထိန်းသိမ်း ထားရှိသော မြန်မာတို့၏ အမျိုးသား သင်္ကေတ ဒေါင်းလန်းကြီး ကို လေ့လာ နိုင်ပါကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...