Social Icons

Pages

Monday, August 11, 2014

ရန်ကုန်မြို့ ၏ ပထမဆုံး အပြာရောင် ကမ္ပည်းပြား ကို မြို့တော်ခန်းမ ၌ တပ်ဆင်



ရန်ကုန် ၊ ၁၁-၈-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရန်ကုန်မြို့တော် သမိုင်းနှင့် ဆက်စပ်သော ရှေးဟောင်း အဆောက်အအုံ များကို ရန်ကုန်မြို့ပြ အမွေအနှစ် အဖြစ် သတ်မှတ်ရန် ဆောင်ရွက် ခဲ့ရာ ရန်ကုန်မြို့တော် ခန်းမ အဆောက်အအုံ သည် လုံလောက်သည့် သမိုင်း အချက်အလက် များရှိပြီး ဗိသုကာပိုင်း အရလည်း ထင်ရှား သောကြောင့် ရန်ကုန် မြို့တော်ခန်းမ ကို မြို့ပြ အမွေအနှစ် အဖြစ် စာရင်း သတ်မှတ် လိုက်ကြောင်း ရန်ကုန်မြို့တော် ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တော် အတွင်း သမိုင်း နှင့် ဆက်စပ်သော ရှေးဟောင်း အဆောက်အအုံ များကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ယင်း အဆောက်အအုံ ၏ သမိုင်းကြောင်းများ ၊ အမည်များ ၊ ထူးခြား ဖြစ်စဉ်များကို အပြာရောင် ကမ္ပည်းပြားများ ပေါ်၌ မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုး တပ်ဆင် သွားမည် ဖြစ်ပြီး ယခုအခါ ပထမဆုံး ကမ္ပည်းပြား ကို ရန်ကုန်မြို့တော် ခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က တပ်ဆင် ထားရှိကြောင်း ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ထုတ်ပြန် ထားသည့် စာရင်းများ အရ ရန်ကုန်မြို့တော် ၌ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၁၈၉ လုံးရှိကြောင်း ၊ မြို့တော် ခန်းမ၌ ကမ္ပည်းပြား တပ်ဆင်ခြင်းမှာ ပထမဆုံး ဖြစ်ကြောင်း သိရသည်။

မြို့တော်ခန်းမ အဆောက်အအုံ သည် ၁၈၈၆ ခုနှစ်မှစ၍ မြူနီစီပယ် အုပ်ချုပ်မှု ရုံးစိုက်ရာ နေရာဖြစ်ခဲ့ပြီး မူလ အနောက်တိုင်း လက်ရာတွင် မြန်မာ ဗိသုကာဟန် ပေါင်းစပ် ဆောက်လုပ် ထားသည့် ပထမဆုံး မြို့ပြ အဆောက်အအုံ ဖြစ်ကာ ဗိသုကာ ပညာရှင် စည်သူ ဦးတင် ၏ လက်ရာ ဖြစ်သည်။ မြို့တော်ခန်းမ နှင့် အတူ ဗဟို မီးသတ်ကြိး ၊ တရား လွတ်တော်ရုံးချုပ် ၊ ပြည်တွင်း ရေကြောင်း ရုံးချုပ် ၊ ဧရာဝတီရုံး ရှိရာ အဆောက်အအုံ တို့ကိုလည်း မကြာမီ မြို့ပြ အမွေအနှစ် အဖြစ် သတ်မှတ်၍ ကမ္ပည်းပြားမျး တင်ဆင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဇာညီသစ္စာ ၊ အိအိမြတ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...