Social Icons

Pages

Monday, August 11, 2014

ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ပုဂ္ဂလိက ဆိပ်ကမ်းများ တည်ဆောက်ခွင့် ပြုလျက်ရှိ



မန္တလေး ၊ ၁၁-၈-၂၀၁၄

မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်း တစ်လျှောက် နိုင်ငံခြား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ် နိုင်မည့် ပုဂ္ဂလိက ဆိပ်ကမ်း နေရာသစ်များ တည်ဆောက် ခွင့်ပြုလျက် ရှိကြောင်း ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ခွင့်ပြုမှုကို ၂ဝ၁၃ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီက လုပ်ဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီ အသစ်များ တိုးလာခြင်း၊ ယခင် လုပ်ကိုင်လျက် ရှိသည့် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ကုမ္ပဏီများမှ သင်္ဘော အစင်းရေ တိုးချဲ့ခြင်း များကြောင့် ပုဂ္ဂလိက ဆိပ်ကမ်း နေရာသစ်များ ထပ်မံ ခွင့်ပြုပေး ရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခွင့်ပြုရာတွင် လိုအပ်ချက်ပေါ် မူတည်၍သာ ဆောင်ရွက် ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည် များသည် မန္တလေးမြို့မှ တစ်ဆင့် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် အလှအပများ ကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ နှင့် ဗန်းမော် စသည့် ဒေသများသို့ အပျော်စီး သင်္ဘော ခရီးစဉ်များ ဖြင့် သွားရောက် လည်ပတ် ခြင်းကို အထူး နှစ်သက် ကြသည်။ ယင်းအတွက် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ် နိုင်မည့် ဆိပ်ကမ်းများ အပြင် ခရီးသည် တင်ယာဉ်များ ဆိုက်ကပ် နိုင်မည့် ဆိပ်ကမ်း နေရာနှင့် ပြည်တွင်း ကုန်တင် သင်္ဘော ယာဉ်များ ဆိုက်ကပ် နိုင်မည့် ဆိပ်ကမ်း နေရာများ ဟူ၍ အသီးသီး ခွင့်ပြု ပေးထားကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး ဆိပ်ကမ်း တစ်လျှောက် နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ် နိုင်မည့် ဆိပ်ကမ်း ၄ ခု သတ်မှတ် ပေးထားပြီး နိုင်ငံခြားသား ခရီးသည် ပို့ဆောင်ရေး ရေယာဉ်များ ဖြစ်သည့် အောင်သိဒ္ဓိ၊ အမရာ၊ မလိခနှင့် Road to Mandalay သင်္ဘောများ၏ ပုဂ္ဂလိက ဆိပ်ကမ်း နေရာလေးခုကို သတ်မှတ် ပေးထားကြောင်း သိရသည်။ 

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...