Social Icons

Pages

Friday, April 11, 2014

တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် လုံခြုံရေးအရ သန်းခေါင်းစာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ သန်းခေါင်စာရင်း ကောက်ယူပြီးစီး


ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူစဉ်

ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူစဉ်

နေပြည်တော် ၊ ၁၁-၄-၂၀၁၄

KIA လက်နက်ကိုင် တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသဖြင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် များ အကူအညီ ပေး၍ သန်းခေါင်စာရင် ကောက်ယူခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိရာ ယမန်နေ့တွင် ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ ဒေသခံ ပြည်သူ ၅၂၆၈ ဦး ၊ ဒေါ့ဖုန်းယန် မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံ ပြည်သူ ၄၁ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှာ ဒေသခံ ပြည်သူ ၄၁ ဦး ၊ ပန်ခန်း မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၃၆၉ ဦး ၊ မိုးမိတ်မြို့နယ် အတွင်းရှိ ပန်ဆပ် ကျေးရွာမှ ဒေသခံပြည်သူ ၈၇ ဦး ၊ ပေါင်း ၅၈၀၆ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဒေသခံ ပြည်သူ ၅၃၂ ဦး ၊ စုစုပေါင်း ဒေသခံ ပြည်သူ ၆၃၃၈ ဦးအား လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများ တွင် ဧပြီလ ၃ ရက်မှ ယမန်နေ့ အထိ ဒေသခံ ပြည်သူ ၆၀၀၀၄ ဦးအား တပ်မတော် ၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း များအား ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...