ညောင်ဦး ၊ ၇-၁၁-၂၀၁၃
မန္တလေးတိုင်း ဒေသကြီး ပုဂံ ယဉ်ကျေးမှု
နယ်မြေ ဒေသတွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ရှိ Destination Unlimited ခရီးသွား
ကုမ္ပဏီ နှင့် Essence of Myanmar ( Inspiration Myanmar ) ခရီးသွား ကုမ္ပဏီ တို့၏ စီစဉ်မှုဖြင့်
၁၉၃၀ - ၁၉၇၁ ခုနှစ် ကာလအတွင်းရှိ ခေတ်ဟောင်း မော်တော်ယာဉ် များဖြင့် ဥရောပ ခရီးသွား
အဖွဲ့သည် ပုဂံဒေသ အတွင်း လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။
ထိုအဖွဲ့တွင် ဗြိတိန် ၊ ဘယ်လ်ဂျီယံ
၊ ပြင်သစ် ၊ ရုရှား ၊ ဆွစ်ဇာလန် နိုင်ငံများမှ စုစုပေါင်း ၂၄ ဦး ပါဝင်၍ ခေတ်ဟောင်း
မော်တော်ယာဉ် ၉ စီးဖြင့် လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း ၊ မော်တော်ယာဉ် ၉ စီးအနက်
တစ်စီးမှာ ကလောမြို့ အရောက်တွင် စက်ချို့ယွင်း မှုကြောင့် မန္တလေးမြို့သို့ ပို့ဆောင်
ပြင်ဆင်လျက် ရှိကြောင်း ၊ အဆိုပါ အဖွဲ့သည် ခေတ်ဟောင်း မော်တော်ယာဉ် များကို ဥရောပမှ
ရန်ကုန်မြို့သို့ သင်္ဘောဖြင့် သယ်ဆောင်လာပြီး အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ
ရန်ကုန် - ဖျာပုံ - ဘိုကလေး - ဖျာပုံ - ကျိုက်လတ် - မအူပင် - ရန်ကုန်မြို့ များသို့
လည်ပတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်
- ပဲခူး - တောင်ငူ - နေပြည်တော် - ပင်းတယ - အင်းလေး - ကလော - ပုပ္ပါးမြို့ များမှ တစ်ဆင့်
ပုဂံဒေသသို့ နိုဝင်ဘာ ၄ရက်တွင် ရောက်ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပုဂံဒေသတွင် ၃ ညအိပ်
ခရီးလည်ပတ် ၍ နိုဝင်ဘာ ၇ ရက်တွင် မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ မကွေး ၊ ပြည် မှ
ရန်ကုန်မြို့ များသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:
Post a Comment