မြစ်ကြီးနား ၊ ၁၀-၁၁-၂၀၁၃
မြစ်ကြီးနားခရိုင် ဝိုင်းမော် မြို့နယ်အတွင်း ဝိုင်းမော် - ကန်ပိုက်တီ သွား ကားလမ်းမကြီး မှာ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့ အဓိက ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်ကာ ကူးလူး ဆက်သွယ်ရာ အဆင်ပြေဆုံး လမ်းကြောင်း တစ်ခုလည်း ဖြစ်ကာ အဆိုပါ လမ်းမကြီး ရေရှည်တည်တံ့ ကောင်းမွန် စေရေး အတွက် တရုတ်နိုင်ငံမှ လမ်းဖောက် လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက် ပြုပြင်မှုများ ရှိသော်လည်း ၂ဝ၁၃ ခုနှစ် မိုးရာသီတွင် ရာသီဥတု ပြင်းထန်သဖြင့် လမ်းမကြီး တဘက်တချက် မှ တောင်ကမ်းပါးယံ များ မကြာခဏ မြေပြိုကျမှု ကြောင့် ကုန်တင်နှင့် ခရီးသည်တင် ယာဉ်များ မောင်းနှင် သွားလာရာတွင် အခက်အခဲများ ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။
ယခုလည်း နိုဝင်ဘာ ပထမပတ် အတွင်း ဆဒုံး - ကန်ပိုက်တီလမ်း အပိုင်း မိုင်တိုင်(၄ဝ) နှင့် (၄၁)အကြား တောင်မြေပြိုမှု ဖြစ်ပွားခဲ့ကာ လမ်း အကျယ် ၂၄ ခန့် အတွင်း လမ်း၏ မြောက်ဘက် အခြမ်းမှာ တောင်ပြိုမှု ကြောင့် လမ်းအကျယ် ၁ဝ ပေခန့်မှာ မြေသားများ စုပုံပိတ်ဆို့ လျက်ရှိပြီး မော်တော်ယာဉ်များ ရှောင်တိမ်း မောင်းနှင် နေရကြောင်း ယာဉ်မောင်းများ ထံမှ သိရှိရသည်။


No comments:
Post a Comment