မန္တလေး ၊ ၁၀-၁၁-၂၀၁၃
စိတ်ဖိစီးမှု များလာလျှင် ဆောင်းရာသီ
တွင် ဖြစ်ပွားလေ့ ရှိသော အပူကန်ရောဂါ ပုံသဏ္ဌာန် ဝေဒနာများလည်း ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး
ဌာနမှ ဆရာဝန် တစ်ဦး ၏ ပြောပြချက်အရ သိရသည်။
စိတ်ဖိစီးမှု များကြောင့် ခံတွင်းဆိုင်ရာ
ဝေဒနာများ ဖြစ်ပွားနိုင်ပြီး ၄င်းတို့မှာ အပူကန်သော အခါဖြစ်လေ့ ရှိသော ဝေဒနာများ နှင့်
ဆင်တူကြောင်း သိရသည်။ ခံတွင်းထဲတွင် အပူဖုများ ထွက်လာပြီး အဆိုပါ အဖုလေးများ ပေါက်ပြဲပြီး
ခံတွင်း တစ်ခုလုံး နာကျင်ခြင်း ကို ခံစားရကြောင်း သိရသည်။ အချို့မှာ အစာစား ရန်ပင်
နာကျင်လေ့ ရှိသည် ဟု သိရသည်။
'' ကျွန်မဆိုရင် လျှာမှာ ၊ နှုတ်ခမ်းမှာ
၊ အာခေါင်မှာ အပူဖု ပေါက်လေ့ ရှိပါတယ် ၊ တစ်ခါတလေ ၁ဝ ရက်လောက် အထိ နာကျင်တယ် ၊ ရေသောက်ရင်
တောင်စပ်ပြီး နာတယ်။ စိတ်ရှုပ်တာ တွေ သိပ်များ လာရင် အပူကန် တော့တာပဲ .. .. '' ဟု ဝေဒနာ
ခံစားရသူ မလွင်လွင် ကပြောသည်။
အများစုက အပူဖု ထွက်လျှင် ၀မ်းနှုတ်ဆေး
သောက်ခြင်း ၊ ကီးမို့စ် ၊ ဘားပါ့လက် ၊ စီဗစ် အစရှိသော ဆေးဝါးများ သောက်သုံး လေ့ရှိကြပြီး
ဝေဒနာ ပြင်းထန်ပါက ဆေးခန်း သွားရောက် ကုသရကြောင်း သိရသည်။
" စိတ်ဖိစီးမှု နဲ့အတူ ခြေထောက်
အေးရင် ၊ အိပ်ရေးပျက် ရင်လည်း ဒီလို အနာလေးတွေ ဖြစ်တတ် ပါတယ် ၊ ဒီလိုရောဂါ မဖြစ်အောင်တော့
ဆင်ခြင် နေထိုင် ရပါတယ် ၊ သိပ်မစိုးရိမ် ရပေမယ့် ဝေဒနာရှင် တွေဟာ ရေနဲ့ထိရင် တောင်
နာကျင် တတ်ပါတယ် .. .. " ဟု ဒေါက်တာ အောင်အောင် က ပြောပြသည်။
အချို့သော ဝေဒနာရှင် များမှာ မိမိကိုယ်တိုင်
မဆန်းစစ် နိုင်သော အသက်အရွယ် ငယ်စဉ်ကပင် အပူနာ လေးများ ဖြစ်ပွားလေ့ ရှိကြောင်း သိရှိရသည်။


No comments:
Post a Comment