မြစ်ကြီးနား ၊ ၁၀-၁၁-၂၀၁၃
နိုဝင်ဘာ ၉ ရက်နေ့က မြစ်ကြီးနားမြို့
မြို့ပေါ် ရပ်ကွက်အတွင်း နေအိမ် အစောင့် မကျန်ဘဲ ထမင်းပေါင်းအိုး တည်ထားရာမှ မီးလောင်မှု
ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းတည့်
၁၂ နာရီအချိန် တပ်ကုန်း ရပ်ကွက် နယ်မြေ(၄) အမှတ်(၄၉) နေ ဒေါ်ခေါင်းယန် ၃၉ နှစ်သည် မင်္ဂလာ
ဆောင်ပွဲသို့ သွားရောက်စဉ် နေအိမ် အောက်ထပ် (မြေစိုက်) လျှပ်စစ်မီးဖို ရှိ မီးဖိုတွင်
လျှပ်စစ် ထမင်းပေါင်းအိုး အား လျှပ်စစ်မီး သွယ်တန်းထားပြီး အိမ်တံခါး သော့ပိတ် ထွက်ခွာသွားစဉ်
လျှပ်စစ်ဝါယာ ကြိုးများ အပူရှိန် လွန်ကဲ၍ မီးစတင် လောင်ကျွမ်း ခဲ့ရာ အိမ်နီးချင်း များက
မီးမိန်းချ၍ ဝိုင်းဝန်း ငြိမ်းသတ်ခြင်း ကြောင့် ၁၂ နာရီ ၁ဝ မိနစ် တွင် မီးငြိမ်း သွားပြီး
အဆိုပါ နေအိမ်၏ မီးဖိုနံရံ (ထရံကာ) အကျယ် ၅ ပေနှင့် အမြင့် ၁ဝ ပေခန့် မီးလောင် ဆုံးရှုံးခဲ့
ရကာ မီးလောင် ရာသို့ ပြည်နယ် မီးသတ် ဦးစီးဌာနမှူး ဦးစောထွန်း နှင့် သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ
၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီး နှင့် တာဝန်ရှိ သူများ ၊ (ခေတ္တ) မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်စိုးနှင့် ရဲတပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် (၃)စီး ၊ ရေသယ်ယာဉ်
(၁ စီးတို့ ရောက်ရှိကာ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေး ခဲ့သည်။
ဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ
ဒေါ်ဒေါန်းယန်း (၃၉)နှစ် (ဘ) ဦးလွမ်းဒေါင်း အား မြစ်ကြီးနားမြို့ မြို့မ ရဲတပ်ဖွဲ့
စခန်းမှ (ပ) ၂၁၆/၂ဝ၁၃ ၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။


No comments:
Post a Comment