Social Icons

Pages

Tuesday, November 19, 2013

၂ဝ၁၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဆုချီးမြှင့်ခြင်း နှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပ


ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် မှ
ဆုရ ပြိုင်ပွဲဝင် များအား ဆုများ ချီးမြှင့်စဉ်

တောင်ကြီး ၊ ၁၉-၁၁-၂ဝ၁၃

၂ဝ၁၃ ခုနှစ်  ရှမ်းပြည်နယ်  တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဆုချီးမြှင့်ပွဲ နှင့် ပိတ်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီက တောင်ကြီးမြို့ ၊ အဝေရာ ကုန်းမြင့်သာယာ မီးပုံးပျံကွင်း ခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် ၊ ဒုတိယဥက္ကဌ ၊ ပြည်နယ် ဝန်ကြီးများ ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး များ ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ၊ တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ၊ ညမီးကြီး ၊ စိန်နားပန် ၊ နေ့လွှတ် ခြေ (၂)ချောင်း၊ ခြေ (၄)ချောင်း ဆုရရှိသူများ နှင့် ဓာတ်ပုံ ပြိုင်ပွဲဝင်များ ၊ Miss တန်ဆောင်တိုင် ဆု ရရှိသူများ လူမှုရေး အသင်းအဖွဲ့ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည် ။


အခမ်းအနား တွင် Miss တန်ဆောင်တိုင် ပထမ ၊ ဒုတိယ ၊ တတိယ ၊ နှစ်သိမ့်ဆု ရရှိသူများ နှင့် ဓာတ်ပုံအလှ ပြိုင်ပွဲ ပထမ ၊ ဒုတိယ ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများ ၊ နေ့လွှတ် အရုပ်ခြေ (၂)ချောင်း ၊ ခြေ(၄)ချောင်း ပထမ ၊ ဒုတိယ ၊ တတိယ ၊ နှစ်သိမ့်ဆု ရရှိသူများ ၊ ညမီးကြီး ၊ စိန်နားပန် ပထမ ၊ ဒုတိယ ၊ တတိယ ၊ နှစ်သိမ့်ဆု ရရှိကြသူ များကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် ၊ တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဌ ၊ ရှမ်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း နှင့် တာဝန်ရှိ သူများက ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ကြပြီး တန်ဆောင်တိုင် ပွဲတော် ပိတ်ပွဲသို့ တိုင်းရင်းသား ရှမ်းရိုးရာ အက ၊ အတီးအမှုတ်များ  ၊  ပွဲတော် ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဌ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က တန်ဆောင်တိုင် ပွဲတော် ပိတ်သိမ်း လိုက်ကြောင်း ကြေငြာကာ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...