Social Icons

Pages

Tuesday, November 19, 2013

အခြေခံပညာဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများ၏ စီမံရေးရာ ၊ ဘဏ္ဍာရေးရာ ပညာရေးရာ လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်ရေး သင်တန်းပို့ချ


ကယားပြည်နယ် ၊ ပညာရေး ညွှန်ကြားရေးမှူး ဦးစိုးဝင်း မှ အဖွင့် အမှာစကား ပြေကြားစဉ်နှင့်
တက်ရောက်သူများ


လွိုင်ကော် ၊ ၁၉-၁၁-၂ဝ၁၃

အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများ၏ စီမံရေးရာ ၊ ဘဏ္ဍာရေးရာ ပညာရေးရာ လုပ်ငန်းများ ဆောင်ရွက် ရာတွင် လုပ်ကိုင် ဆောင်ရွက်မှု လုပ်ငန်း အဆင့်ဆင့်ကို တိကျ မှန်ကန်စွာ သိရှိနားလည် ပြီး စနစ်တကျ ဆောင်ရွက် နိုင်ရေး ပေးအပ် ထားသည့် လုပ်ငန်း တာဝန်များ ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက် နိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ရုံးတွင် သင်တန်းဖွင့်လှစ် ခဲ့ရာ အထက် မြန်မာပြည် ၊ မန္တလေး အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဦးရဲလင်းမြင့် ၊ လက်ထောက် ညွှန်ကြားရေးမှူး (ကာယ) ဦးအောင်ဌေးမြင့် ၊ ဦးစီးအရာရှိ (ဝန်ထမ်းရေးရာ) ဦးမြင့်ဦး ၊ ကယားပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးစိုးဝင်း နှင့် တာဝန်ရှိ သူများ ခရိုင် ၊ မြို့နယ်အဆင့် ပညာရေး မှူးများ ၊ ကျောင်းအုပ်ကြီးများ တက်ရောက် ကြသည်။


ရှေးဦးစွာ ကယားပြည်နယ် ၊ ပညာရေး ညွှန်ကြားရေးမှူး ဦးစိုးဝင်း မှ အဖွင့် အမှာစကား ပြေကြားပြီး အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့် မှ အခြေခံပညာ ကျောင်းများ၏ စီမံ ခန့်ခွဲရေး ဆိုင်ရာ လုပ်ငန်းများ ၊ သင်ကြားရေး နှင့် စစ်ဆေးရေး ဆိုင်ရာ လုပ်ငန်းများ ၊ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းများ ငွေစာရင်း ချို့ယွင်း အားနည်သော မြို့နယ် များအား စစ်ဆေးခြင်း လိုအပ်ချက်များ လမ်းညွှန် ဖြည့်စွက် နိုင်ရေး အတွက် သင်တန်းများ ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...