ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရပြီးနောက် တွေ့ရစဉ်
ဝါရှင်တန် ၊ ၁၇-၁၁-၂၀၁၃
အိုဘားမား အစိုးရသည် လစ်ဗျားနိုင်ငံ
ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး ကို တိုက်ခိုက်သူ များအား ဖမ်းဆီး နိုင်ရေးအတွက်
အဆိုပါ တိုက်ခိုက်မှု ကျူးလွန်ခဲ့ သူများနှင့် ပတ်သက်၍ သတင်းပေး နိုင်သူအား အမေရိကန်
ဒေါ်လာ ၁ဝ သန်း ပေးအပ် သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က နိုဝင်ဘာ
၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ဘင်ဂါဇီမြို့
ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရမှု ကြောင့် အမေရိကန် သံအမတ်ကြီး ခရစ္စတို
ဖာစတီဗင် နှင့် အခြား သံတမန် ၃ ဦး သေဆုံး ခဲ့ကြောင်း နှင့် ရီပတ်ဘလစ်ကန် အမတ်များက
အဆိုပါ တိုက်ခိုက်မှု အား ရှာဖွေ ဖော်ထုတ်ရန် အိုဘားမား အစိုးရကို ဖိအားပေး တောင်းဆိုလျက်
ရှိကြောင်း သိရသည်။
ဘင်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက် ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ရသူ
အမေရိကန် သံအမတ်ကြီး ခရစ္စတို ဖာစတီဗင်
အစောပိုင်း တွင် အိမ်ဖြူတော် က အဆိုပါ
တိုက်ခိုက်မှုမှာ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြမှု များမှ အစပျိုး ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း
ပြောကြား ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ တိုက်ခိုက်မှု မှာ အယ်လ်ကေဒါ နှင့် ဆက်စပ်မှု
ရှိသည့် အကြမ်းဖက် သမားများ၏ အကြမ်းဖက် လုပ်ရပ် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
အမေရိကန် ထောက်လှမ်း ရေးဗျူရို ( FBI ) က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ များအား
ဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်း နှင့် လစ်ဗျား အာဏာပိုင် များကလည်း စုံစမ်း စစ်ဆေးလျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment