မနီလာ ၊ ၁၂-၁၁-၂၀၁၃
ကမ္ဘာ့ အင်အားကြီး နိုင်ငံများသည် မုန်တိုင်းဒဏ်
သင့် ဖိလစ်ပိုင်နိုင်ငံ သို့ အထောက်အပံ့ အကူအညီများ ပေးအပ်လျက် ရှိကြောင်း နိုဝင်ဘာ
၁၁ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အမေရိကန် နိုင်ငံသည် ဖိလစ်ပိုင် အစိုးရ၏
တောင်းဆိုချက် အရ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၄င်း၏ စစ်ဘက်
ဆိုင်ရာ တပ်ဖွဲ့များကို စေလွှတ်လျက် ရှိကြောင်း ၊ ဂျပန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ
အတွင်းရှိ သဘာဝ ဘေးဒဏ် ခံစားခဲ့ရသော ဒေသများ တွင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ
ပေးအပ်ရန် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ် ထားကြောင်း နှင့် ဗြိတိန် အစိုးရ
ကလည်း အမေရိကန် ဒေါ်လာ ၁ဝ သန်းခန့် တန်ဖိုးရှိ ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို
ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂျာမဏီ အစိုးရက အရေးပေါ် အကူအညီ
အဖြစ် အမေရိကန် ဒေါ်လာ ၆၇၀၀၀၀ ခန့်ကို ဖိလစ်ပိုင် နိုင်ငံသို့ ပေးအပ် ခဲ့ကြောင်းနှင့်
ရှေ့ပြေးတပ်ဖွဲ့ တစ်ဖွဲ့ ကိုလည်း မုန်တိုင်းဒဏ် ခံစားခဲ့ ရသည့် ဒေသသို့ စေလွှတ် ခဲ့ပြီး
ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ( EU ) အလုပ် အမှုဆောင် အဖွဲ့ခွဲ
ဖြစ်သည့် ဥရောပ ကော်မရှင် ( EC ) မှ ထောက်ပံ့ ကူညီမှု အဖြစ် အမေရိကန် ဒေါ်လာလေးသန်း ပေးအပ်
ခဲ့ကြောင်း ၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် ( WFP ) ကလည်း မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်
ပြည်သူများ ကို အစားအစာ နှင့် အခြား ကယ်ဆယ်ရေး ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရေး
အမေရိကန် ဒေါ်လာ နှစ်သန်းခန့် ခွဲဝေ သတ်မှတ်ပေး ခဲ့ကြောင်းနှင့် ကုလသမဂ္ဂ( UN ) မှ အကူအညီ
ပေးရေး အဖွဲ့ဝင် များသည်လည်း ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် ကုလသမဂ္ဂ ကလေး သူငယ်များ ရန်ပုံငွေအဖွဲ့ ( UNICEF ) ကလည်း ဆေးဘက် ဆိုင်ရာ
ထောက်ပံ့ရေး ပစ္စည်း များနှင့် ရေသန့်ဘူးများ အပါအဝင် ကယ်ဆယ်ရေး ပစ္စည်း တန်ချိန် ၆ဝ
ခန့်ကို လေယာဉ်ဖြင့် ဖိလစ်ပိုင် နိုင်ငံသို့ ပို့ဆောင် ပေးရန် ဆုံးဖြတ် ခဲ့ကြောင်း
သိရှိရသည်။




No comments:
Post a Comment