Social Icons

Pages

Friday, October 18, 2013

ရုရှားနိုင်ငံ က Proton-M ဒုံးပျံကို အောက်တိုဘာ ၂၀ ရက်တွင် ပစ်လွှတ်နိုင်ရန် ပြင်ဆင်


 ရုရှားလုပ် Proton-M ပို့ဆောင်ရေး ဒုံးပျံ

မော်စကို ၊ ၁၈-၁၀-၂၀၁၃

အမေရိကန် ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို အာကာသ အတွင်း ပို့ဆောင်ပေးမည့် ရုရှားလုပ် Proton-M ပို့ဆောင်ရေး ဒုံးပျံကို အောက်တိုဘာ ၂ဝ ရက်တွင် ပစ်လွှတ် နိုင်ရေးအတွက် ကာဇက်စတန် နိုင်ငံ ၊ Baikonur အာကာသ စခန်းရှိ ဒုံးပျံ ပစ်လွှတ်စင်သို့ အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် ပို့ဆောင် ခဲ့သည်ဟု ရုရှား အာကာသ ဆိုင်ရာ အေဂျင်စီအဖွဲ့ Roscosmos က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း NEWSnow သတင်းတစ်ရပ် အရ သိရသည်။


Roscosmos ၏ ထုတ်ပြန်ချက် အရ Briz-M အားမြှင့် အင်ဂျင်နှင့် Sirius FM-6 ဂြိုဟ်တုကို သယ်ဆောင် သွားမည့် Proton ဒုံးပျံ လွှတ်တင်ရန် အတွက် နိုင်ငံတော် အထူး ကော်မရှင်၏ ခွင့်ပြုချက်ကို အောက်တိုဘာ ၁၆ ရက်က ရရှိထားကြောင်း သိရသည်။ လွန်ခဲ့သော ဇူလိုင်လ အတွင်း Glonass နေရာပြ စနစ် ဂြိုဟ်တု ၃ လုံး သယ်ဆောင် ထားသည့် Proton-M ဒုံးပျံကို ပစ်လွှတ် ရာတွင် မအောင်မြင် သည့်နောက် ၃ လကြာ ဆိုင်းငံ့ ထားခဲ့ပြီး စက်တင်ဘာ ၃ဝ ရက်တွင် လူဇင်ဘတ် နိုင်ငံ အခြေစိုက် SES S.A ဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီ အတွက် ပြင်သစ် နိုင်ငံလုပ် Astra 2E ဆက်သွယ်ရေး ဂြိုဟ်တုကို Proton-M ဒုံးပျံဖြင့် ပထမဆုံး အကြိမ် အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခု တစ်ကြိမ် ပစ်လွှတ် မှုသည် Proton-M ဒုံးပျံအတွက် ဒုတိယ ရည်မှန်းချက် တာဝန် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...