Social Icons

Pages

Friday, October 18, 2013

ဂျပန်ဝန်ကြီးချုပ် က ကျဆုံး ဂျပန်စစ်သည်များ အထိမ်းအမှတ် ယာဆူကူနီ ဂူဗိမာန်သို့ တတိယအကြိမ် ဆုတောင်း အထိမ်းအမှတ် ပေးပို့


ယာဆူကူနီ ဂူဗိမာန်

တိုကျို ၊ ၁၈-၁၀-၂၀၁၃

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် စစ်ပွဲများ အတွင်း ကျဆုံး ဂျပန် စစ်သည်များ အထိမ်းအမှတ် ယာဆူကူနီ ဂူဗိမာန်သို့ ၄င်း၏ တတိယ အကြိမ် ဆုတောင်း အထိမ်းအမှတ် ပေးပို့ခဲ့ကြောင်း ၊ သို့ရာတွင် အာရှနိုင်ငံ များ၏ စိတ်ဆိုး ဒေါသဖြစ်မှုကို ရှောင်ရှား လိုသောကြောင့် လူကိုယ်တိုင် သွားရောက်ခြင်း မပြုကြောင်း ဂျပန်နိုင်ငံ၏ ကျိုဒို သတင်းဌာန က အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြ ခဲ့သည်ဟု သိရသည်။

တိုကျို မြို့လယ်ရှိ အဆိုပါ ယာဆူကူနီ ဂူဗိမာန် သို့ ဂျပန် ခေါင်းဆောင်များ သွားရောက် လည်ပတ်မှုများ သည် ဂျပန်တို့၏ ကျူးကျော် သိမ်းပိုက်မှုကို ခံခဲ့ရသော တရုတ်နှင့် တောင်ကိုရီးယား တို့အတွက် စိတ်ဆိုး နာကြည်း စရာများ ဖြစ်စေခဲ့ကြောင်း ၊ အာဘေး သည် အောက်တိုဘာ ၂ဝ ရက်အထိ ကျင်းပမည့် အဆိုပါ အထိမ်းအမှတ် အခမ်းအနားသို့ ၄င်း၏ အမည်ပါ ဆုတောင်း အထိမ်းအမှတ်အား ပေးပို့ ခဲ့ကြောင်း ၊ ထိုသို့ ဆုတောင်း အထိမ်းအမှတ် ပေးပို့ခြင်း သည် ဂျပန် ဝန်ကြီးချုပ် ဖြစ်လာ ခဲ့ပြီးနောက် တတိယ အကြိမ် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး တရုတ် ၊ တောင်ကိုရီးယား နိုင်ငံတို့နှင့် ဆက်ဆံမှုများ ပြန်လည် ထူထောင် လိုသောကြောင့် လူကိုယ်တိုင် သွားရောက်ခြင်း မပြုကြောင်း သတင်းတွင် ဖော်ပြ ထားသည်။


သို့ရာတွင် ဂျပန်အစိုးရ အဖွဲ့မှ ဝန်ကြီး နှစ်ဦးသည် အထိမ်းအမှတ် အခမ်းအနား ကာလအတွင်း ယာဆူကူနီ ဂူဗိမာန် သို့ သွားရောက် လည်ပတ်ဖွယ် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...