Social Icons

Pages

Friday, October 4, 2013

မန္တလေးမြို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေတချောင်းမြောင်း ရေလျှံမှု ဖြစ်ပွား



မန္တလေး ၊ ၄-၁၀-၂၀၁၃

မန္တလေးမြို့ တွင် ယမန်နေ့ နံနက် ၃ နာရီမှ ၆ နာရီခွဲအထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးမြို့ ၏ အဓိက ရေထွက်မြောင်း ဖြစ်သည့် ရွှေတချောင်း မြောင်းမကြီး ရေလျှံမှုကြောင့် မြောင်း အနောက်ဘက် ရှိ ရပ်ကွက် အချို့ နှင့် အရှေ့ဘက် ရှိ ရပ်ကွက် အိမ်ခြေများ ရေနစ်မြှုပ် ခဲ့ကြောင်း သိရသည်။

အဓိက အားဖြင့် မြောင်း အနောက်ဘက် မြေနိမ့်ပိုင်း ဖြစ်သည့် ချမ်းမြသာစည် မြို့နယ် ၊ ဒေါနခြံ ရပ်ကွက်ရှိ နေအိမ် အချို့ နှင့် မြောင်း အရှေ့ဘက် တွင် ၃၉ လမ်း မှ ဘုရားကြီး အနောက်မုခ် ကျောက်ဆစ်တန်း အထိ မြောင်းဘေး တစ်လျှောက် နေအိမ်များ ရေနစ်မြှုပ် ခဲ့ကြောင်း ၊ ရွှေတချောင်း မြောင်းရေလျှံ မှုကြောင့် ၄၁ လမ်းထောင့် တွင် ကား ၊ ဆိုင်ကယ် များ ယာဉ်ကြော ပိတ်ဆို့မှု အချိန် နာရီဝက် ခန့် ဖြစ်ပွား ခဲ့သည်။

အဆိုပါ ယာဉ်ကြော ပိတ်ဆို့မှုမှာ ကျောင်းပို့ချိန် ဖြစ်ခြင်း ၊ အလုပ်သမား များ အလုပ်သွားချိန် ဖြစ်ခြင်း တို့ကြောင့် လည်းကောင်း ၊ ၃၉ လမ်းထောင့် နှင့် ၄၁ လမ်းထောင့် တို့တွင် ချောင်းရေလျှံ မှုကြောင့် တောင်ခွင် မင်းကြီးတိုက် ၊ ပုဂံအတွင်းဝန် တိုက်ရှိ ဘုန်းကြီးကျောင်း များနှင့် မန္တလေး ကျောက်ဝိုင်းဈေး အတွင်း ရေများ ၀င်ရောက် ခဲ့သည်။ ထို့ကြောင့် ကျောက်ဝိုင်းဈေး တွင် ကျောက်စိမ်း ကုန်သည် ပွဲစားများ အရောင်း အ၀ယ် ခေတ္တ ရပ်နား ထား၍ ဈေးပိတ် ထားရကြောင်း သိရသည်။


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၇၈ လမ်း ၊ လမ်း ၃၀ မှ ၃၆ လမ်းအထိ လည်းကောင်း ၊ ၇၃ လမ်း ၊ ၂၇ လမ်းမှ ၃၅ လမ်း အထိ လည်းကောင်း လမ်းပေါ်တွင် ရေလျှံ ခဲ့ကြောင်း ၊ အဓိက အားဖြင့် ဘူတာကြီး အရှေ့ဘက်ရှိ လမ်းများ ၊ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ဘေးပတ်လည် ရှိ လမ်များ ရေလျှံ ခဲ့ပြီး ၃၅ လမ်း နှင့် ၇၈ လမ်းထောင့် မီးပွိုင့် ၊ ၇၃ လမ်း နှင့် လမ်း ၃၀ ထောင့် မီးပွိုင့်များတွင် သွားလာမှု ခက်ခဲ၍ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ် စေခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...