Social Icons

Pages

Friday, October 4, 2013

အမေရိကန်ပြည်သူများ၏ ဖုန်းခေါ်ဆိုမှု အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း NSA အကြီးအကဲ ၀န်ခံပြောကြား


ဝါရှင်တန် ၊ ၄-၁၀-၂၀၁၃

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ ( NSA ) သည် ပြည်သူများ ၏` တယ်လီဖုန်း ပြောဆိုမှု ကို ခြေရာခံ နိုင်ရန် နှင့် ပြည်သူများ၏ ဖုန်း ပြောဆိုမှု သတင်း အချက်အလက် များ ၊ ၄င်းတို့၏ ၀က်ဘ်ဆိုက် များကို လျှို့ဝှက် ကြည့်ရှုရန် ကြိုးပမ်း ခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး ကိသ်ဘီ အလက်ဇန္ဒား က ၀န်ခံ ပြောကြား ခဲ့သည်ဟု သိရသည်။


NSA သည် အမေရိကန် ပြည်သူများ ၏ တယ်လီဖုန်း ပြောဆိုရာ နေရာများကို ခြေရာခံ နိုင်ရန် ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၁ ခုနှစ်တို့တွင် ကြိုးပမ်း ခဲ့ကြောင်း ၊ သို့ရာတွင် ရရှိလာသည့် အချက်အလက် များကို ပြည်ပ စုံစမ်း ထောက်လှမ်းရေး ကိစ္စရပ် များနှင့် ရာဇ၀တ်မှု များကို ဖော်ထုတ်နိုင်ရန် FBI သို့ လွှဲပြောင်း ပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၄င်း အချက်အလက် များသည် နိုင်ငံ ၏  အနာဂတ် အတွက် လိုအပ်ချက် တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိကြောင်း NSA အနေဖြင့် ရရှိလာသည့် အချက်အလက် များကို ယနေ့ အချိန်အထိ အသုံး မပြုခဲ့ကြောင်း အလက်ဇန္ဒား က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...