Social Icons

Pages

Friday, October 4, 2013

Myanmar Japan Rice Industry Co., Ltd အနေဖြင့် မြန်မာနိုင်ငံတွင် စက်ရုံများ တည်ဆောက်ရန် စီစဉ်


ရန်ကုန် ၊ ၄-၁၀-၂၀၁၃

Myanmar Japan Rice Industry Co., Ltd အနေဖြင့် ဆန်စက် ၊ ပေါင်းဆန်စက် ၊ ဆန်ထွက် ပစ္စည်းများ ဖြစ်သည့် ဆန်ကွဲ ၊ ဖွဲနု ၊ ဖွဲနုဆီ ၊ ခေါက်ဆွဲ ၊ ဆန်မှုန့် စသည်တို့ ထုတ်လုပ် နိုင်သည့် စက်ရုံများ ကို တွံတေး ၊ နေပြည်တော် ၊ ကျိုက်လတ် နှင့် လက်ပံတန်း မြို့များတွင် ၂၀၁၅ ခုနှစ် မကုန်မီ အပြီး တည်ဆောက် သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ စက်ရုံများ တည်ဆောက်ရန် အတွက် ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့် ရှိမည်ဟု သိရပြီး Myanmar Japan Rice Industry Co.,m Ltd ( MJRI ) ကို ဂျပန်နိုင်ငံ အခြေစိုက် MITSUI Corporation နှင့် မြန်မာ့ လယ်ယာ စိုက်ပျိုးရေး အများပိုင် ကော်ပိုရေးရှင်း ( MAPCO ) တို့မှ ပူးပေါင်းကာ ဆန် နှင့် ဆန်ထွက် ပစ္စည်းများ ထုတ်လုပ် သွားမည် ဖြစ်သည်။


MJRI မှ တည်ဆောက်မည့် စက်မှုဇုန် များတွင် နိုင်ငံတကာ အဆင့်မီ ပေါင်းဆန် ထုတ်လုပ်မည့် စက်ရုံများ ၊ ဆန်ဖြူ ကြိတ်ခွဲမည့် စက်ရုံများ ၊ ဖွဲနုဆီ စက်ရုံ ၊ ဆန်ကြာဆံ စက်ရုံ စသ့် တန်ဖိုးမြင့် ကုန်စည် ထုတ်လုပ်မည့် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံ အနေဖြင့် အရည်အသွေး မြင့်ဆန်များ တင်ပို့ နိုင်ရန် စိန်ခေါ်မှုများ ရှိနေပြီး မြန်မာနိုင်ငံ မှ ပေါင်းဆန် များကို ရုရှား ဈေးကွက်သို့ အဓိက တင်ပို့လျက် ရှိကာ မြန်မာ့ဆန် များကို တရုတ်နိုင်ငံ နှင့် အာဖရိက နိုင်ငံ တို့ကိုသာ အဓိက တင်ပို့ နေကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...