Social Icons

Pages

Monday, October 7, 2013

ယာလာပြည်နယ်၌ လမ်းဘေး ထောင်ဗုံး ပေါက်ကွဲ ထိုင်းစစ်ဘက် တပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ



ဘန်ကောက် ၊ ၇-၁၀-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်း ၊ ယာလာပြည်နယ် ၊ မြောင်ခရိုင် ၌ အောက်တိုဘာ ၆ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခန့်က ဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရသိရသည်။

အမှတ် (၄၁၈)အမြန်လမ်းမ တစ်လျှောက် မောင်းနှင်လာသော ယာလာပြည်နယ် အမှတ်(၁၃) အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ယာဉ် ၃ စီးသည် တံတားတစ်စင်းကို ဖြတ်သန်းစဉ် လမ်းဘေးထောင် ဗုံးတစ်လုံးကို အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းလမ်းဘေး ထောင်ဗုံးကို ၇ ကီလိုဂရမ် အလေးချိန် ရှိသော ဓာတ်ငွေ့အိုးကို အသုံးပြု၍ ပြုလုပ်ထားပြီး လမ်းဘေးရှိ ဓာတ်မြေသြဇာ အိတ်များ အတွင်း လျှို့ဝှက်ထား ရှိ၍ ဆက်သွယ်ရေး စက်ဖြင့် ချိတ်ဆက်ပြီး စစ်သွေးကြွများက အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


၎င်းဖောက်ခွဲမှုတွင် စစ်သုံး ထရပ်ကား တစ်စီးကို ထိမှန်ခဲ့၍ စစ်သည် ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး လမ်းမပေါ်၌ အချင်း ၁ မီတာ ၊ အနက် ၃ဝ စင်တီမီတာ ခန့်ရှိသည့် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် ပျက်စီး ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိခဲ့သော တပ်ဖွဲ့ဝင် ၃ ဦးကို ယာလာဆေးရုံ သို့ပို့ဆောင် ကုသထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...