Social Icons

Pages

Monday, October 7, 2013

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းအား ပုလဲမြို့သစ်သို့ ပြောင်းရွှေ့မည်


ရန်ကုန် ၊ ၇-၁၀-၂၀၁၃

ရန်ကုန်မြို့ မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေး စခန်းအား မင်္ဂလာဒုံ မြို့နယ် ၊ ပုလဲမြို့သစ် သို့ ပြောင်းရွှေ့ရန် သတင်းများ ထွက်ပေါ် နေရာ အဆိုပါ မင်းရဲကျော်စွာ ၀င်းအတွင်း ရှိ လုပ်ငန်း လုပ်ကိုင် နေသူ အများစု က ကြိုဆို လက်ခံ ကြကြောင်း သိရသည်။

မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ် ရေးစခန်း (ပုံ) သည် ယခင်က ဟံသာဝတီ ယာဉ်ရောင်း ၀ယ်ရေး စခန်းမှ ပြောင်းရွှေ့ လာခဲ့ခြင်း ဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးဌာနပိုင် မြေနေရာတွင် ယာယီ ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ ပြောင်းရွှေ့ ဖွင့်လှစ်စဉ်က အဆိုပါ ၀င်းအတွင်း လုပ်ငန်း လုပ်ကိုင် နေထိုင်သူများ ဆန္ဒပြ တောင်းဆိုမှု များ ဖြစ်ပေါ် ခဲ့သည့် အတွက် ယခု မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေးစခန်း ထပ်မံ ပြောင်းရွှေ့ရန် စီစဉ်မှုတွင် ၀င်းအတွင်း နေထိုင် လုပ်ကိုင် နေသူများ၏ ဆန္ဒကို ဦးစား ပေးကာ ပြောင်းရွှေ့ ပေးသွား မည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန်ဌာန မှ သိရသည်။

" မင်းရဲကျော်စွာ ဖွင့်ထားတဲ့ နေရာက ကျန်းမာရေး ၀န်ကြီးဌာန ပိုင်နေရာ ဆိုတော့ ခဏငှားဖွင့်တဲ့ သဘောပါ ၊ ပြန်တောင်းတဲ့ အခါကျရင် ပြန်ပေး ရမှာပါ ၊ အခု လောလောဆယ် မဟုတ်သေး ပေမယ့် မြို့တော် စည်ပင် အနေနဲ့လည်း မြေနေရာ ရှာနေပါတယ် ၊ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လို့ ရတဲ့ နေရာကို ပြောင်းရွှေ့ ပေးမှ အဆင်ပြေ မှာပါ .... " ဟု အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါ မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေး စခန်းကို ပုလဲမြို့သစ် သို့ ပြောင်းရွှေ့မည် ဟု သတင်းများ ထွက်ပေါ် နေပြီး ၄င်းကိုလည်း ၀င်းအတွင်း နေထိုင်သူ အများစု ကြိုဆို လက်ခံ ကြကြောင်း သိရသည်။

" ပုလဲမြို့သစ် ဘက်ကို ပြောင်းရင်တော့ အဆင်ပြေ ပါတယ် ၊ အောင်မင်္ဂလာ အဝေးပြေး ၀င်းရယ် ၊ သီရိ မင်္ဂလာ ယာဉ်ရပ်နား စခန်းလည်း ရှိတော့ အဆင်ပြေလောက် ပါတယ် ... " ဟု မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေး စခန်းတွင် လုပ်ငန်း လုပ်ကိုင် နေသူ တစ်ဦးက ပြောသည်။


မင်းရဲကျော်စွာ ယာဉ်ရောင်း ၀ယ်ရေး စခန်းကို ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ကား အစီးရေ ၉၀၀ ခန့် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...