Social Icons

Pages

Tuesday, October 8, 2013

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အင်အားပြင်း တိုင်ဖွန်းဖီတို တိုက်ခတ်



ပေကျင်း ၊ ၈-၁၀-၂၀၁၃

တရုတ်နိုင်ငံ အရှေ့ပိုင်း ၌ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ် တွင် အင်အားပြင်း တိုင်ဖွန်းဖီတို မုန်တိုင်း ဖြတ်သန်း တိုက်ခတ် ခဲ့ခြင်းကြောင့် ငါးဖမ်းလှေများ ၊ ကျည်ဆန် ရထားများ ၊ လေယာဉ် ခရီးစဉ်များ အား ရပ်တန့် ထားခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းဖီတို သည် တစ်နာရီလျှင် ၉၃ မိုင်နှုန်းဖြင့် တိုက်ခတ် ခဲ့ပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့် နှင့် ဇီကျီအန် ပြည်နယ်များမှာ မုန်တိုင်း ဒဏ်ကို အဓိက ခံခဲ့ရသည်။ ဖူကျန့် ပြည်နယ်တွင် လူ ၁၇၇၀၀၀ ခန့်အား ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်း ပေးခဲ့ရပြီး ဇီကျီအန် ပြည်နယ် တွင် လူ ၅၇၄၀၀၀ ခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ရကာ ဖူကျန့် တွင် ငါးဖမ်းလှေ အစီး ၃၀၀၀၀ ၊ ဇီကျီအန် တွင် အစီး ၃၅၀၀၀ တို့ကို ကမ်းကပ်ထားရန် ဆိပ်ကမ်း အာဏာပိုင် များက ညွှန်ကြား ခဲ့သည်။


တိုင်ဖွန်းဖီတို တိုက်ခတ်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး သုံးသန်းခန့် ရေဘေး ဒုက္ခခံစား နေရကာ ပျက်စီး ဆုံးရှုံးမှုမှာ အမေရိကန် ဒေါ်လာ သန်း ၃၃၀ ခန့် ရှိသည်။ ယခုအခါ တိုင်ဖွန်းဖီတို သည် တရုတ်နိုင်ငံ အရှေ့မြောက်ဘက်သို့ ရွှေ့လျား သွားနေပြီး အင်အား ပျော့စပြု လာပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...