Social Icons

Pages

Tuesday, October 8, 2013

မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း ရေတိုက်စားမှု ပြုပြင် ဆောင်ရွက်လျက်ရှိ



မိတ္ထီလာ ၊ ၈-၁၀-၂၀၁၃

မိတ္ထီလာမြို့ အင်ကြင်းစု ဘူတာ နှင့် ရေချိုဘူတာ အကြားရှိ မြင်းခြံ - မိတ္ထီလာ - သာစည် မီးရထား လမ်းပိုင်း မိုင်တိုင်အမှတ် ၃၂၉/ ၃-၄ အကြား ၊ တံတား အမှတ် ၅၇ ချောင်းရေ တိုက်စားမှု ကို တိုင်းအမှတ် ၁၀ မြို့ပြ အင်ဂျင်နီယာ အငယ်တန်း အင်ဂျင်နီယာ ဦးဆန်းနိုင် နှင့် ၀န်ထမ်းများ ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


" စက်တင်ဘာလ ၂၇ ၊ ၂၈ နဲ့ ၂၉ ရက်တွေက မိုး အဆက်မပြတ် ရွာသွန်းတာမို့ တံတား အောက်ခြေ အုတ်ခုံနဲ့ အုတ်ခုံ ပတ်ဝန်းကျင် က မြေသားတချို့ ပြိုကျ ပျက်စီး သွားတယ် ၊ ဒါကြောင့် မီးရထား ခရီးစဉ် မပျက် ဖြတ်သန်း သွားလာနိုင်ဖို့ ကြိုးစား ပြင်ဆင် နေတာပါ ၊ လောလောဆယ်လည်း မီးရထား ကို ဖြတ်သန်းခွင့် ပြုထား ပါတယ် ၊ တံတား အနီးရောက်ရင် တော့ ဖြည်းဖြည်းပဲ မီးရထား ခုတ်မောင်း စေပါတယ် ... " ဟု အဆိုပါ အငယ်တန်း အင်ဂျင်နီယာ က ပြောကြား ကြောင်း သိရှိရသည်။ (၁၄၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...