Social Icons

Pages

Wednesday, October 9, 2013

ကေအိုင်အေ (ကချင်) အဖွဲ့မှ အပြစ်မဲ့ ပြည်သူများအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်


နေပြည်တော် ၊ ၉-၁၀-၂၀၁၃


ကေအိုင်အေ (ကချင်) အဖွဲ့ ရင်း ၃၀ မှ အင်အား ၁၅ ဦးခန့်သည် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က ၀ိုင်းမော် - ချီဖွေ သွား ကားလမ်းပေါ်ရှိ မန်ဒေါင်ရွာ ကြား ဆွမ်မရာကန် အနီး၌ ခရီးသည်တင် ယာဉ် ၃ စီးအား ပိတ်ဆို့ ရပ်တန့်၍ ခရီးသည် အမျိုးသား ၂၀ ဦးအား ကေအိုင်အေ တို့၏ ကောင်ရာ စခန်းသို့ အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ၊ ဖမ်းဆီးခံ ရသူများ အနက်မှ ၅ ဦးသည် တစ်ဦးလျှင် ငွေကျပ် သုံးသိန်း ပေးသဖြင့် အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်း တွင် ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း နှင့် အဆိုပါ ကေအိုင်အေ (ကချင်) အဖွဲ့၏ အဓမ္မ လူသစ် စုဆောင်းခြင်း ၊ ငွေကြေး တောင်းခံခြင်း များကြောင့် ဒေသခံ ပြည်သူ များ၏ ဆန္ဒ ဖြစ်သည့် အေးချမ်းသော ဘ၀ နေထိုင်မှု အပေါ် များစွာ ထိခိုက် နှောင့်ယှက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...