Social Icons

Pages

Wednesday, October 9, 2013

ရန်ကုန်မြို့ ကို ရေပေးဝေသည့် ငမိုးရိပ် စီမံကိန်း ( ညောင်နှစ်ပင် ) ဒုတိယ စီမံကိန်း မကြာမီ ဖွင့်လှစ်နိုင်မည်


ရန်ကုန် ၊ ၉-၁၀-၂၀၁၃

ရန်ကုန် မြို့တော်နေ ပြည်သူများ သန့်ရှင်းသော ရေကောင်း ရေသန့်များ ရရှိစေရန်နှင့် တိုးပွားလာသော ပြည်သူများ အတွက် သောက်ဆုံးရေ ဖြည့်ဆည်း ပေးနိုင်ရန် ၂ဝ၁၂ ခုနှစ် ဧပြီလမှ အစပြု၍ ငမိုးရိပ် စီမံကိန်း (ညောင်နှစ်ပင်) ဒုတိယ စီမံကိန်း လုပ်ငန်းကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ မကြာမီ ဖွင့်လှစ် နိုင်တော့မည် ဖြစ်ကြောင်း အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းရေး ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက လက်ရှိ ဖြန့်ဝေလျက် ရှိသော ရေဂါလန် သန်း ၁၆ဝ အပြင် ရေဂါလန် ၄၅ သန်း တိုးပွား လာမည်ဖြစ်၍ စုစုပေါင်း ရေဂါလန် ၂ဝ၅ သန်းအထိ တိုးမြှင့် ရရှိလာသည့် အတွက် လူဦးရေ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ကျန်းမာရေး နှင့် ညီညွတ်သော ၊ သန့်ရှင်း ကြည်လင်သော ရေကောင်း ရေသန့်များ ရရှိမည့် အပြင် ရေအားနည်း သော မြို့နယ် ရပ်ကွက် များလည်း ရေအား ပိုမိုရရှိ သွားမည် ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေ ငါးသန်းကျော်ကို နေ့စဉ် ရေဂါလန် သန်း ၁၆ဝ ပေးဝေပါတယ် ၊ ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ပွင့်လင်း ရာသီ ရောက်ရင်တော့ ရေဂါလန် ၂ဝ၅ သန်းအထိ ပေးဝေ နိုင်မှာပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


၎င်းစီမံကိန်းကို ဘဏ္ဍာငွေကျပ် ၃၉ ဘီလီယံ သုံးစွဲရန် လျာထားခဲ့ပြီး စီမံကိန်း ပြီးစီးပါက ရေဂါလန် ၄၅ သန်းရရှိ မည်ဖြစ်ပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ် (အနောက်ပိုင်း) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ မြောက်ဥက္ကလာပ ၊ တောင်ဥက္ကလာပ ၊ သင်္ဃန်းကျွန်း ၊ သာကေတ ၊ ဒေါပုံ ၊ ပုဇွန်တောင် နှင့် ဗိုလ်တထောင် စသည့် မြို့နယ် များသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...