Social Icons

Pages

Thursday, October 10, 2013

အာဆီယံ ခေါင်းဆောင်များ ပင်လယ်ရေကြောင်း လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် ဆွေးနွေးမည်



ဘန်ဒါဆရီဘီဂါဝန် ၊ ၁၀-၁၀-၂၀၁၃

အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အခြား နိုင်ငံများသည် အောက်တိုဘာ ၉ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်လျက် ရှိသည့် အာဆီယံ အစည်းအဝေး အစီအစဉ် များတွင် ပင်လယ် ရေကြောင်း ဆိုင်ရာ စိတ်ချလုံခြုံမှု ရှိစေမည့် နည်းလမ်းများ နှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားကြောင်း ဒေသတွင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အစည်းအဝေး ကို ဘရူနိုင်း နိုင်ငံမြို့တော် ဘန်ဒါဆရီဘီဂါဝန် ၌ ၂ ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အစည်းအဝေး ပထမနေ့တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ များက ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကြိုတင် ပြင်ဆင်ရမည့် အဆင့်များကို အတည်ပြု ပေးမည် ဖြစ်ကြောင်းနှင့် အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောင်ရွက်ရန် ရည်ရွယ် ထားကြောင်း သိရသည်။


အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ သည် တောင်တရုတ် ပင်လယ်ရှိ ကျွန်းစုများ နှင့် ပတ်သက်၍ ပိုင်နက်နယ်မြေ အငြင်းပွား နေမှုကို တရုတ် ဝန်ကြီးချုပ် လီခချန် နှင့်လည်း တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ ပိုင်နက်နယ်မြေ ဆိုင်ရာ အငြင်းပွားမှု များသည် တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့နှင့် ဆက်နွယ် ပတ်သက် နေကြောင်းနှင့် အာဆီယံနှင့် တရုတ်နိုင်ငံ တို့သည် ရေပြင် ပိုင်နက် နယ်မြေ အငြင်းပွားမှု များအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် ဥပဒေ တစ်ရပ် ရေးဆွဲရန် စက်တင်ဘာလ အတွင်းက ဆွေးနွေးမှုများ စတင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ အစည်းအဝေး ဒုတိယနေ့ တွင် အာဆီယံနှင့် အရှေ့အာရှ အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များ သည် ပင်လယ် ရေကြောင်း ဆိုင်ရာ လုံခြုံမှု ရှိစေမည့် နည်းလမ်း များကို ဆက်လက် ဆွေးနွေး သွားရန် စီစဉ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...