Social Icons

Pages

Thursday, June 22, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Tula မြို့ရှိ JSC KBP စက်ရုံ နှင့် Lipetsk မြို့ရှိ အမှတ် (၄) လေကြောင်းအတတ်သင် သင်တန်းကျောင်းသို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား JSC KBP ကုမ္ပဏီညွှန်ကြားရေးမှူးချုပ် Mr. Yuri Savankov က စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားတပ်မတော်ထုတ် တိုက်ခိုက်ရေးလေယာဉ်ကို ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၂၂-၆-၂၀၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော် ချိန်နံနက် ၁၀ နာရီတွင် မော်စကိုမြို့ရှိ တပ်မတော်လေဆိပ် Chkalovskii မှနေ၍ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဒေသစံတော်ချိန်နံနက် ၁၁ နာရီတွင် Tula မြို့သို့ရောက်ရှိကြပြီး လေဆိပ်တွင် JSC KBP ကုမ္ပဏီညွှန်ကြား ရေးမှူးချုပ် Mr. Yuri Savankov က ကြိုဆိုနှုတ်ဆက်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား JSC KBP ကုမ္ပဏီအစည်းအဝေးခန်းမတွင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နေမှုနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များက Power Point ဖြင့်ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

၎င်းနောက် ကုမ္ပဏီမှထုတ်လုပ်လျက်ရှိသည့် စစ်လက်နက်ပစ္စည်းများအား ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကုမ္ပဏီညွှန်ကြားရေးမှူးချုပ်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Tula တပ်မတော်လေဆိပ်မှ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ Lipetsk တပ်မတော်လေဆိပ်သို့ ဒေသစံတော်ချိန်ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရောက်ရှိပြီး အမှတ် (၄) လေကြောင်းအတတ်သင် သင်တန်းကျောင်း၏ အကြီးအကဲ Lt.Gen. Yuri Alexandrovish Seshkov က ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် လေကြောင်းအတတ်သင် သင်တန်းကျောင်းသို့ ရောက်ရှိကြရာ အဆိုပါသင်တန်းကျောင်း စစ်တီးဝိုင်းမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား ကြိုဆိုဂုဏ်ပြု တီးခတ်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းရှိပြတိုက်အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ ပြတိုက်မှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သင်တန်းကျောင်းရှိ တိုက်ခိုက်ရေးလေယာဉ်များ လေ့ကျင့်ပျံသန်းသည့် Simulator အတွင်း SU 30 SM နှင့် SU 34 လေယာဉ်များ၏ Simulator များတွင် လေယာဉ်မောင်း သင်တန်းကျောင်း အကြီးအကဲနှင့်အတူ စမ်းသပ်မောင်းနှင်ခဲ့ ကြပြီးနောက် ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းမှ လေ့ကျင့်ရေးပြုလုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က မြန်မာ့တပ်မတော် (လေ) မှ သင်တန်းသားများ စေလွှတ်လေ့ကျင့်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Lipetsk စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းအတွင်း ရုရှားတပ်မတော်ထုတ် SU 35 တိုက်ခိုက်ရေးလေယာဉ်များ အုပ်ဖွဲ့လေ့ကျင့်ပျံသန်း နေမှုများ၊ SU 30 ၊ SU 34 နှင့် SU 25 လေယာဉ်များ၏ တည်ဆောက်ထားမှုနှင့် လက်နက်စနစ် တပ်ဆင်ထားမှုများ၊ စွမ်းဆောင်နိုင်မှုများအား ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး သင်တန်းကျောင်းအကြီးအကဲမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအားညစာဖြင့် တည်ခင်းဧည့်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး ဒေသစံတော်ချိန်ည ၈ နာရီ ၁၅ မိနစ်၊ မြန်မာစံတော်ချိန်ည ၁၁ နာရီ ၄၅ မိနစ်တွင် ရုရှားတပ်မတော် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီတွင် Sevostapol မြို့သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...