Social Icons

Pages

Thursday, September 12, 2013

Mission Action 2013 ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်း သည် ပူးပေါင်းစစ်ဆင်မှု စွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များ ပြောကြား


၁၂-၉-၂၀၁၃

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)သည် နန်ကျင်းနှင့် ကွမ်ကျိုး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များမှ တပ်ဖွဲ့ဝင် ၄ဝ,ဝဝဝ ကျော် ပါဝင်သော Mission Action 2013 ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်းကို စက်တင်ဘာ ၁ဝ ရက်မှ စတင်ကျင်းပ ပြုလုပ်လျက် ရှိကြောင်းနှင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း ကို စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ ၏ ကြည်းတပ်နှင့် လေတပ်ဖွဲ့ဝင် များကြား ပူးပေါင်း စစ်ဆင်ရေး စွမ်းရည်ကို စမ်းသပ်ရန် ရည်ရွယ် လေ့ကျင့်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၁၁ ရက် Newsnow သတင်းတစ်ရပ် အရ သိရသည်။


ထို့အပြင် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင် ကြည်းတပ် တပ်ဖွဲ့ဝင် အသီးသီး အကြား ပူးပေါင်း ဆောင်ရွက်ရေး စွမ်းရည်ကို စမ်းသပ် သွားမည် ဖြစ်ပြီး စစ်ဘက်နှင့် အရပ်ဘက် တပ်ဖွဲ့ဝင်များ အကြား ပူးပေါင်း ဆောင်ရွက်ရေး စွမ်းရည် ရရှိစေရေး အတွက်လည်း လေ့ကျင့် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ရေး လေ့ကျင့်ခန်း သည် နန်ကျင်း နှင့် ကွမ်ကျိုး စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် များမှ စစ်သည်များ အတွက် အရေးပါ ကြောင်းနှင့် အဆိုပါ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် နှစ်ခုစလုံးမှာ ထိုင်ဝမ် ၊ သို့မဟုတ် ဗီယက်နမ် နိုင်ငံတို့ကို ထိန်းချုပ် ရာတွင် ကွပ်ကဲမှု ဌာနချုပ် တစ်ခုနှင့် တစ်ခု အပြန်အလှန် ထောက်ပံ့ ကူညီ ပေးသွားရေး ရည်မှန်း ထားကြောင်း ရှန်ဟိုင်း အခြေစိုက် စစ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Ni Lexiong ကပြောကြား ခဲ့သည်။ PLA သည် ကြည်းတပ်ဖွဲ့၏ ခရီးရှည် လှုပ်ရှား စစ်ကစားမှု စွမ်းရည်ကို စမ်းသပ်ရေး အတွက် ၂ဝဝ၉ ခုနှစ် ကလည်း စစ်မြေပြင် ကွပ်ကဲမှု ဌာနချုပ် ၄ ခုမှ အကြီးစား သံချပ်ကာ တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ပါဝင်သော ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကိုလည်း ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...