မန္တလေး ၊ ၁၂-၉-၂၀၁၃
မန္တလေး အောင်မြေသာစံ မြို့နယ် ၊ ညောင်ကွဲ
ရပ်ကွက် ၊ (၁၁)လမ်းတွင် ယနေ့ နံနက်(၂)နာရီ (၁ဝ)မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ
အိမ်(၃)လုံး ၊ ကား(၂)စီး ၊ ဆိုင်ကယ်(၂)စီး တို့ မီးလောင် ပျက်စီးခဲ့သည်။
ဖြစ်စဉ်မှာ အောင်မြေသာစံ မြို့နယ်၊
ညောင်ကွဲ ရပ်ကွက် ၊ အကွက် (၄၁၅/ N-၂) ၁၁-လမ်း ၊ ၈၇x၈၈ လမ်းကြားရှိ အိမ်ငှား ဦးမျိုးမင်း
(၂၅)နှစ်၊ (ဘ) ဦးမြင့်မောင်၏ ပုလင်းခွံ ရောင်းဝယ်ရေး (၂ဝx၄ဝ)ပေ ထရံကာ သွပ်မိုး ၊ မြေစိုက်တွင်
တယ်လီဖုန်း အားသွင်း ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ မီးလောင်ရာသို့
မန္တလေးတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန ကွပ်ကဲမှုရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်
ဦးစီးသော မီးသတ်သန္ဓေ (၃ဝ)ဦး ၊ အရံ(၂ဝဝ)ဦး ၊ မီးသတ်ယာဉ် (၂၅)စီး တို့ဖြင့် မီးငြှိမ်းသတ်
ခဲ့ရာ နံနက်(၂) နာရီ(၄၅) မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ပြီး ၊ မီးလောင်ကျွမ်း မှုကြောင့်
(၂ဝx၄ဝ) ပေပတ်လည် ပျဉ်ထောင်သွပ်မိုး (၁)လုံး ၊ (၂ဝx၂၅)ပေ နံကပ်(၂)ထပ် (၁)လုံး ၊ စုစုပေါင်း
အိမ်(၃)လုံး ဆုံးရှုံးမှုတန်ဖိုး (၂၈၅ဝဝဝဝိ/-) ၊ (၇ဃ/၇၈၃ဝ) ပြိုင်ကား(၁)စီး တန်ဖိုး(၁၂ဝဝဝဝဝဝိ/-)
၊ (၈ဈ/၅၈၂ဝ) လိုက်ထရပ်ကား (၁)စီး တန်ဖိုး(၇ဝဝဝဝဝဝိ/-) ၊ ဆိုင်ကယ်(၂)စီး (၈ဝဝဝဝဝိ/-)
စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး (၂၂၆၅ဝဝဝဝိ/-)ခန့် ရှိခဲ့ကြောင်း နှင့် ဒေါ်စုစုမေ (၅၃)နှစ်
၊ ကသာ မြို့နယ် နေထိုင်သူမှာ လက်နှစ်ဖက် မီးဟပ် ၊ ခါးနာ (မစိုးရိမ်ရ)ဒဏ်ရာရရှိ ခဲ့သည်ဟု
သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မီးစတင် လောင်ကျွမ်း
ခဲ့သည့်အိမ်မှ အိမ်ငှားဖြစ်သူ ဦးမျိုးမင်းအား အမှတ်(၄)ရဲစခန်းမှ (ပ)၂၆၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ-၂၈၅
ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။ (THO)
No comments:
Post a Comment