ရန်ကုန် ၊ ၆-၉-၂၀၁၃
ယခုနှစ် သြဂုတ်လ နှင့် စက်တင်ဘာလ အတွင်း
သက်တမ်း ကုန်ဆုံးသူများ လုပ်ကွက် ထပ်မံ လုပ်ကိုင်လိုသူ ( ကုမ္ပဏီ နှင့် ကျောက်မျက် လုပ်ကိုင်
လိုသူများ ) စက်တင်ဘာလ ၁၈ ရက် နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သတ္ထုတွင်း ၀န်ကြီးဌာန
၊ ကျောက်မျက် လုပ်ကွက် ခွင့်ပြုမိန့် ချထားပေးရေး စစ်ဆေးရေး နှင့် ကြီးကြပ်ရေး လုပ်ငန်း
ကော်မတီမှ ထုတ်ပြန်ချက် အရ သိရသည်။
ကျောက်မျက် ရတနာ လုပ်ကွက် လုပ်ကိုင်
လိုသူများ ကုမ္ပဏီများ အနေဖြင့် ကျောက်မျက် ရတနာ လုပ်ကွက်ကို ဈေးပြိုင်စနစ် ဖြင့် ချိတ်ပိတ်
အဆိုပြုလွှာ များတင်သွင်း ရာတွင် ယင်း လုပ်ကွက်များ အတွက် အာမခံ စပေါ်ငွေ ငွေကျပ် ၁၀
သိန်းကို မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း သို့ ပေးသွင်း ရမည် ဖြစ်ကြောင်း
သိရသည်။
" ကျောက် လုပ်ကွက်ကို မြန်မာ ကျောက်မျက်
ရတနာ ဥပဒေ ပုဒ်မ ၁၂ ၊ ၁၃ ၊ ၁၅ နဲ့အညီ ဈေးပြိုင် စနစ်နဲ့ ခွင့်ပြုမိန့် ထုတ်ပေး သွားပါမယ်
၊ ကျောက်လုပ်ကွက် လျှောက်ထားတဲ့ ကုမ္ပဏီ အနေနဲ့ ငွေကြေး ခိုင်မာမှု ရှိကြောင်းကို
Bank Statement ပါ ပူးတွဲ တင်ပြရပါမယ် ... " ဟု ကျောက်မျက် လုပ်ကွက် ခွင့်ပြုမိန့်
ချထားရေး မှ တာဝန်ခံ က ပြောကြား ခဲ့သည်။
ယင်း ကျောက်မျက် လုပ်ကွက် များကို မိုးကုတ်
ရတနာမြေ နှင့် မိုင်းရှူး ရတနာမြေ တို့တွင် ကျောက်မျက် တူးဖော် ထုတ်လုပ်သည့် လုပ်ကွက်
သက်တမ်း ကုန်ဆုံးသည် နိုင်ငံသား လုပ်ငန်းရှင် များသာ ထပ်မံ လုပ်ကိုင်ခွင့် ပြုခြင်း
ဖြစ်ကြောင်းလည်း သိရှိရသည်။


No comments:
Post a Comment