Social Icons

Pages

Friday, September 6, 2013

မြန်မာ့ ရေထွက်ကုန်လုပ်ငန်းများ အငှားကုန်ချော ထုတ်လုပ်မှုစနစ် လုပ်ငန်း ပိုမိုကောင်းမွန်လာ


ရန်ကုန် ၊ ၆-၉-၂၀၁၃

မြန်မာနိုင်ငံ ရေထွက်ကုန် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ကို နိုင်ငံတကာ မှ အငှား ထုတ်ပိုးပြီး ကုန်ချော အဖြစ် လုပ်ကိုင်မှု များကို ၂၀၁၂ ခုနှစ်က လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် ပြည်တွင်း ကုမ္ပဏီ ၂၀ ခန့် လုပ်ကိုင်ရန် လျှောက်ထား ခဲ့ပြီး အမှန်တကယ် တွင် ကုမ္ပဏီ အနည်းငယ်သာ လုပ်ကိုင် နိုင်ခဲ့ပြီး ယခုနှစ်တွင် ယင်းလုပ်ငန်းမှာ ပိုမို အဆင်ပြေ လာပြီး ကုန်ကြမ်း ပိုမို ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ ရေလုပ်ငန်း များမှာ အောင်မြင်မှု ရရှိနေပြီး ပြည်ပ ပို့ကုန်များ မှာလည်း ယခင်က ကုန်ကြမ်း ပစ္စည်းများကို အိမ်နီးချင်း နိုင်ငံများ၏ ဈေးပိုပေးမှု ကို မယှဉ်ပြိုင် နိုင်သောကြောင့် ပြည်တွင်း ကုမ္ပဏီ များ ကုန်ကြမ်း ရရှိမှု အခြေအနေမှာ အခက်အခဲ များနှင့် ရင်ဆိုင် နေကြရသည်။ လျှပ်စစ်မီး ပုံမှန် မရရှိ သောကြောင့် လည်း စက်သုံးဆီ သုံးစွဲ ရသောကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ အခက်အခဲ များနှင့် ရင်ဆိုင် ရသောကြောင့် အဆိုပါ တစ်ဆင့်ခံ ကုန်ချော ထုတ်လုပ်သော လုပ်ငန်း များမှာ တစ်နှစ်ထက် တစ်နှစ် အောင်မြင် လာကြောင်း သိရသည်။


မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာသို့ တင်ပို့နိုင်မှု မှာ ယခင်နှစ် များက ဥရောပ သမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှု များကြောင့် ဥရောပ နိုင်ငံများသို့ တင်ပို့ နိုင်ခြင်း မရှိဘဲ ယခုနှစ် ဇွန်လ မှသာ စတင် တင်ပို့ နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က ဥရောပနိုင်ငံ များသို့ တင်ပို့ရန် မဖြစ်နိုင် ခြင်းမှာ မြန်မာနိုင်ငံ က တင်ပို့သော ကုန်ပစ္စည်း များကို အခွန် သတ်မှတ် ရာတွင် ၁၃ ရာခိုင်နှုန်း ကျော် ကောက်ခံ ခံရသောကြောင့် ရေလုပ်ငန်း ရှင်များမှာ ပြည်တွင်း အခွန် ၁၀ ရာခိုင်နှုန်းဖြင့် ပေါင်းပါက တင်ပို့ နိုင်ခြင်း မရှိဘဲ အရှေ့ အလယ်ပိုင်း နိုင်ငံများ ဖြစ်သော အီရတ် ၊ ဆော်ဒီ အာရေဗျ နိုင်ငံ များသို့သာ အဓိက တင်ပို့ ခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...