Social Icons

Pages

Tuesday, September 3, 2013

ပုဂ္ဂလိက မြန်မာနိုင်ငံဘဏ် များအသင်း ဖွဲ့စည်းမှုတွင် ဗဟိုဘဏ် ပါဝင်ခြင်းမရှိကြောင်း သိရ


ရန်ကုန် ၊ ၃-၉-၂၀၁၃

မကြာမီ ပုဂ္ဂလိက မြန်မာနိုင်ငံ ဘဏ်များအသင်း ဖွဲ့စည်း တည်ထောင်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ပါဝင်မည် မဟုတ်ကြောင်း အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ အသင်း ဖွဲ့စည်းမှု သည် ပုဂ္ဂလိကဘဏ် များသာ စုပေါင်းဖွဲ့စည်း ခြင်းဖြစ်ပြီး ဗဟိုဘဏ်မှ သီးခြားခွဲထွက် ခြင်းလည်း ဖြစ်ကြောင်း ၊ ပုဂ္ဂလိက အသင်းအဖွဲ့တစ်ခုအနေဖြင့် တည်ထောင်ခြင်း ဖြစ်သည့် အတွက် မပါဝင်ခြင်း ဖြစ်ကြောင်း ဘဏ် အသိုင်းအဝိုင်း မှ သိရသည်။

'' ဒီလို ဖွဲ့စည်း ရတာက တခြားသော ပုဂ္ဂလိက အဖွဲ့အစည်း တွေလို အကြောင်း အကျိုး တစ်ခု ဖြစ်လာရင် ပူးပေါင်း ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ် ၊ နောက်ပြီး ဘဏ်အဖွဲ့အစည်းရယ် လို့ မရှိသေးပါ ဘူး ၊ ညီညွတ်မှု တစ်ခုလည်း ရတာပေါ့ ၊ သီးခြား ဖြစ်လာတော့ ရပ်တည်မှု အပိုင်းတွေ အနည်းငယ် ပြောင်းလဲ လာနိုင်ပါတယ် ... '' ဟု ၄င်းက ပြောကြားခဲ့သည်။

ယင်းအသင်း သည် ပုဂ္ဂလိက အနေဖြင့် သီးခြား လွတ်လပ်သော ဘဏ်အသင်း အဖွဲ့ ဖြစ်လာမည် ဖြစ်ပြီး ဘဏ်များ အသင်း၏ ဥက္ကဋ္ဌ ၊ ဒါရိုက်တာများ ပြန်လည် ဖွဲ့စည်းရာတွင် ပြည်တွင်းမှ အစိုးရ နှင့် ပုဂ္ဂလိက ဘဏ်များမှ သူများအား ရွေးချယ် သွာမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ အတွင်း၌ ပုဂ္ဂလိကဘဏ် ၂ဝ ကျော်ရှိပြီး အစိုးရ ဘဏ်လေးခု အပါအ၀င် ၂၅ ဘဏ် ရှိကြောင်း ၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု ရှိလာစေရေး ရည်ရွယ် ဆောင်ရွက် ခြင်းသာ ဖြစ်ကြောင်း ၊ လက်ရှိတွင် မြန်မာနိုင်ငံ ဘဏ်များ အသင်းကို ပြည်တွင်းရှိ ဘဏ်များမှ ဥက္ကဋ္ဌများ နှင့် ဖွဲ့စည်းထားပြီး အသင်း၏ ဥက္ကဋ္ဌ တာဝန်အား ဗဟိုဘဏ်မှ တာဝန်ယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...