Social Icons

Pages

Tuesday, September 3, 2013

ယာဉ်ဟောင်း ၂၃၅၃ စီးကို အင်္ဂလိပ်အက္ခရာ နံပါတ်ပြားများ ထုတ်ပေးမည်


ရန်ကုန် ၊ ၃-၉-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သက်တမ်း လာတိုးသည့် ယာဉ်ဟောင်း ၂၃၅၃ စီးကို အင်္ဂလိပ် အက္ခရာ နံပါတ်ပြားအား စက်တင်ဘာ ပထမပတ်မှ စတင် ထုတ်ပေး တော့မည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ် အက္ခရာ နံပါတ်ပြားများ ထုတ်ပေး ရခြင်းသည် နိုင်ငံတကာ အဆင့်မီ စေရန်အတွက် ဖြစ်ကြောင်း ၊ ယင်းအတွက် နောက်ဆုံး တင်သွင်းလျက် ရှိသော မော်တော်ယာဉ် များကို ဇူလိုင် ပထမပတ်မှ စတင် ထုတ်ပေးခဲ့ပြီး ယခု သက်တမ်းတိုး ယာဉ်ဟောင်းများ အတွက် ဆက်လက် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ '' နံပါတ်ပြား တွေကို စက်ရုံက မှာထားတယ် ၊ ထုတ်ပေးဖို့ လုပ်ဆောင် နေပါပြီ ၊ နောက်ပိုင်း ယာဉ်အားလုံး နီးပါး ထုတ်ပေး နိုင်အောင် လုပ်ဆောင် နေကြပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယင်းနံပါတ်ပြားများ ထုတ်လုပ်သည့် စက်ရုံသည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းသာ ရှိသေးပြီး အခြားသော တိုင်းဒေသကြီး နှင့် ပြည်နယ် များအတွင်း မရှိသေးကြောင်း ၊ ထို့အတွက် အခြားသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ထုတ်လုပ် ပေးနိုင်အောင် စက်ရုံများ တည်ဆောက်ရန် အတွက် သက်ဆိုင်ရာ မှ တင်ဒါ ခေါ်ယူရန် စီစဉ် နေကြောင်း စုံစမ်း သိရှိရသည်။


အင်္ဂလိပ်အက္ခရာ နံပါတ်ပြားများ ထုတ်ပေးမှုကြောင့် လိုင်စင်မဲ့ မော်တော်ကား ပိုင်ဆိုင်သူ များအား ဖော်ထုတ်နိုင် မည့်အပြင် အတု လုပ်ထားသည့် နံပါတ်ပြားများ မပေါ်ပေါက် စေရေး ဖြေရှင်း နိုင်ကြောင်း ၊ ယာဉ် နံပါတ်ပြားများ ထုတ်ပေး ရာတွင် register ပြုလုပ်လုပ်ရန် ညွှန်ကြား ထားကြောင်း လည်း သိရသည်။ တင်သွင်း လာသော မော်တော်ယာဉ် အသစ်များတွင် အင်္ဂလိပ် အက္ခရာ ယာဉ်နံပါတ်ပြား များ ထုတ်ပေးရာ၌ သြဂုတ် လကုန်ပိုင်း အထိ 4F/800 မှ 7F/1871 အထိ ရောက်ရှိ ခဲ့ကြောင်း နှင့် အဆိုပါ တပ်ဆင်မှုကို လိုင်စင် ပြုလုပ်သည့် အခါတွင် စတင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...