မြစ်ကြီးနား ၊ ၃-၉-၂၀၁၃
မြစ်ကြီးနားမြို့ ၌ ဖွင့်လှစ်သော နိုင်ငံတကာ
ပေးသီးစိတ်တွက် နှင့် ဒုတိယ အကြိမ်မြောက် မြန်မာစိန်မော့ ပေသီးစိတ်တွက် ထူးချွန်ဆု
ဂုဏ်ပြုလွှာ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက ယုဇနရပ်ကွက် ရွှေပြည်စံ
ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးထူးမြင့် နှင့် မြန်မာစိန်မော့
ပေသီးစိတ်တွက် သချာင်္ သင်တန်းကျောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းအုပ်ကြီး မစ္စတာ
ရှီချွမ်းမင် တို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြစ်ကြီးနား ကျောင်းခွဲ ကျောင်းအုပ်
ဆရာမကြီး ဒေါ်တင်တင်ဦး က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ ကျောင်းသား ကျောင်းသူ
လေးများက ဂဏန်းသင်္ချာ စိတ်တွက် လက်တွေ့ တွက်ချက်မှုကို သရုပ်ဖော် ပြသပြီး မြန်မာနိုင်ငံ
စိန်မော့ မှ တရုတ်နိုင်ငံ ပီကင်းမြို့တွင် ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ ပေသီးစိတ်တွက်
Level - 4 ပြိုင်ပွဲ၌ အမြင့်ဆုံး ထူးချွန်ဆု ရရှိခဲ့သူ မယုယုမွန် နှင့် မြန်မာ စိန်မော့
ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များအား ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက
ဆုဖလား ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုလက်မှတ်များ အသီးသီး ချီးမြှင့်ကာ စုပေါင်း အမှတ်တရ
ဓာတ်ပုံ ရိုက်ကူး ခဲ့ကြသည်။
ထို့နောက် ကျောင်းသူ မယုယုမွန်က ပြိုင်ပွဲ
အတွေ့အကြုံ နှင့် ဆုရရှိပုံ ကို ပြောကြားကာ မြစ်ကြီးနား ကျောင်းခွဲ ကျောင်းအုပ် ဒေါ်တင်တင်ဦးက
ကျေးဇူးတင် နိဂုံးချုပ် စကားပြောကြား ၍ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။


No comments:
Post a Comment