ဂန့်ဂေါ ၊ ၇-၉-၂၀၁၃
ပခုက္ကူခရိုင် ရေစကြို မြို့နယ်အတွင်း
ရှိ ဧရာဝတီ မြစ်နှင့် ချင်းတွင်းမြစ် ဆုံဘေး ၀န်းကျင်ရှိ ကျေးရွာများသည် နှစ်စဉ် မြစ်ရေ
တိုက်စားခြင်း ကြောင့် ကမ်းပါးများ ပြိုကာ နေအိမ် ၊ စာသင်ကျောင်း နှင့် ဘုန်းတော်ကြီး
ကျောင်းများပါ ပြောင်းရွှေ့ နေရသည်။ ယင်းသို့ ပြောင်းရွှေ့ ရသည့် အကြိမ်ပေါင်း များလာသည့်
အတွက် နောက်ထပ် ရွှေ့ပြောင်းရန် ရွာပိုင်မြေ မရှိတော့ ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အခက်အခဲကို ဖြေရှင်းသည့်
အနေဖြင့် သက်ဆိုင်ရာက ဈေးနှုန်း သက်သာသော မြေကွက် နေရာများ ဖော်ဆောင် ပေးရန် ဒေသခံ
များက ဆန္ဒရှိနေသည်ဟု သိရသည်။ '' မြစ်ကြောင်း ပြောင်းပြီး မြစ်ရေတိုက် စားတဲ့အတွက် ကျွန်တော်တို့
ရွာတွေ နှစ်စဉ် နေအိမ် နေရာ ပြောင်းရွှေ့ ပေးနေရ ပါတယ် ၊ တစ်နှစ်ကို ရေတိုက်စား ခံရတဲ့
နေရာနဲ့ ကိုက် ၆၀ ၀န်းကျင်က အိမ်ခြေ ၁ဝ လုံးလောက်တော့ အနည်းဆုံးပြောင်းရပါတယ် ၊ ကြာလာတော့
ကျွန်တော်တို့ ရွာတွေမှာ ပြောင်းစရာ မြေမရှိတော့ပါဘူး ၊ ပြောရမယ် ဆိုရင် ကျွန်တော်တို့
တွေလည်း ဒုက္ခသည် စာရင်းမှာ ပါပါတယ် ၊ နောက်နှစ်တွေ လည်း ဒီလိုပဲ ရွှေ့ရဦးမှာပါ ၊ ဒါကြောင့်
ကျွန်တော်တို့ ရွာသားတွေ ကြုံတွေ့ရတဲ့ အခက်အခဲကို ကူညီ ပေးစေချင်ပါ တယ် ... '' ဟု ငါးမြာကြီး
ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောပြခဲ့သည်။ ရေစကြို မြို့နယ် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်
ဆုံဘေးတွင် ဆင်မရဲရွာ ၊ လေးရာပြည့်ရွာ ၊ ငါးလျန်ရွာ နှင့် ငါးမြာကြီး ကျေးရွာများ ရှိသည်။
အဆိုပါ ကျေးရွာများ သည် မြစ်ရေ တိုက်စားမှုကြောင့်
နှစ်စဉ် ပြောင်းရွှေ့ နေရပြီး ထပ်မံ ပြောင်းရွှေ့ရန် ရွာပိုင်မြေ မရှိတော့သည့် အတွက်
အနီးဝန်းကျင်ရှိ ကျေးရွာများမှ မြေကို တန်ရာ တန်ကြေးထက် ပိုမိုပေးကာ ဝယ်ယူ နေထိုင်ကြ
ရသည်။ ထို့ကြောင့် ငွေကြေး ခက်ခဲသူများသည် ခြံဝန်း တစ်ခုတည်းတွင် အိမ်ထောင်စု သုံး
၊ လေးစု ပေါင်း၍ နေထိုင် ကြရသည်ဟု ဒေသခံ များက ပြောပြ ခဲ့သည်။
'' ကျွန်တော်တို့ ကျေးရွာ တောင်သူ တွေက
စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေး ကြရတာပါ ၊ ဝင်ငွေကောင်းတဲ့ သူတွေ မဟုတ်ပါဘူး ၊
ရာသီဥတုက မကောင်း ၊ သီးနှံတွေ မကောင်းတာက တစ်မျိုး ၊ မြစ်ရေတိုက်လို့ နေအိမ် တွေ ပြောင်းရတာက တစ်မျိုးဆိုတော့ အဆင်မပြေ
ဖြစ်လာတယ် ၊ ဒီကြားထဲ မြေဈေးက တတ်နိုင်တဲ့ တန်ဖိုးထက် အဆမတန် ဖြစ်နေတော့ အဲဒီ အခက်အခဲ
ကို ပြေလည်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေရဲ့ အကူအညီ လိုအပ် နေပါတယ် ၊ မြေကွက် အသစ်တွေကို
ပြန်လည်ချ ထားပေးပြီး ဈေးနှုန်းပိုင်း ကိုလည်း သက်သက်သာသာ ဖြစ်အောင် သတ်မှတ် ပေးစေချင်
ပါတယ် ... '' ဟု လေးရာပြည့် ကျေးရွာမှ တောင်သူ တစ်ဦးကပြောကြား ခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment