မြစ်ကြီးနား ၊ ၃-၉-၂၀၁၃
အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့်
ကမ္ဘာ့ဆရာများနေ့ အား ဂုဏ်ပြုသော အထိမ်းအမှတ် အဖြစ် မြို့နယ်အဆင့် ဆောင်းပါး ၊ စာစီ
စာကုံး ၊ ကဗျာရေး ပြိုင်ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြစ်ကြီးနား
မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင် များ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း
သိရသည်။
အဆိုပါပြိုင်ပွဲ၌ မြစ်ကြီးနား မြို့နယ်ရှိ
ကျောင်းများမှ ဆရာ/ဆရာမ (၂၉)ဦးက '' ပညာ အရည်အသွေး မြင့်မားဖို့ ဆရာ့အရည်အချင်း မြှင့်တင်စို့
'' ခေါင်းစဉ်ဖြင့် ဆောင်းပါးအား လည်းကောင်း ၊ အထက်တန်း အလယ်တန်းကျောင်းသား ကျောင်းသူ
(၁၅၁) ဦးက '' ပွင့်သစ်ပန်းကို လန်းစေသူ '' ခေါင်းစဉ်ဖြင့် စာစီစာကုံး အားလည်းကောင်း
၊ ကျောင်းသား ကျောင်းသူ (၄၂) ဦးက '' ဘဝလမ်းညွှန် ဆရာသခင် '' ခေါင်းစဉ်ဖြင့် ကဗျာတို့
အား ဝင်ရောက် ယှဉ်ပြိုင်ကြရာ မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်တိုး မှ လာရောက်
ကြည့်ရှု စစ်ဆေးကာ အားပေးစကား များ ပြောကြား ခဲ့ကြောင်း သိရှိရသည်။


No comments:
Post a Comment