Social Icons

Pages

Tuesday, September 3, 2013

တရုတ်နိုင်ငံသည် မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များ ထုတ်လုပ်ရန် အသင့်မဖြစ်သေး

တရုတ်နိုင်ငံ ၏ မောင်းသူမဲ့လေယာဉ်များ

၃-၉-၂၀၁၃

တရုတ်နိုင်ငံသည် မောင်းသူမဲ့ လေယာဉ်များ ထုတ်လုပ်ရန် စွမ်းရည် ရှိနေသော်လည်း တိုက်ခိုက်ရေး တွင် အသုံးပြုရန် အသင့် မဖြစ်သေးကြောင်း တရုတ် နိုင်ငံပိုင် သတင်းဌာနက အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့သည်ဟု စက်တင်ဘာ ၂ ရက် ဆင်ဟွာ သတင်းတစ်ပုဒ် အရသိရသည်။

အဆိုပါ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်များ ထုတ်လုပ်မှုသည် ပုံမှန် မောင်းသူမဲ့ လေယာဉ်များ ထုတ်လုပ်မှုထက် ၁ဝ ဆ ပိုမို ခက်ခဲကြောင်း နှင့် လေယာဉ်တင် သင်္ဘောတစ်စီး ပေါ်တွင် တပ်ဖြန့် ချထားနိုင်သည့် မောင်းသူမဲ့ လေယာဉ်များ ဒီဇိုင်း ရေးဆွဲရန်မှာ ပိုမိုခက်ခဲမည် ဖြစ်ကြောင်း ၄င်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် ရန်သူ့ ပစ်မှတ်များကို ထိထိရောက်ရောက် ပစ်ခတ် တိုက်ခိုက်နိုင် ရန်မှာ ယုံကြည် စိတ်ချရသော ပစ်မှတ် ချိန်ရွယ်သည့် စနစ် ၊ တည်ငြိမ်သော အမိန့်ပေး စနစ်နှင့် အဆင့်မြင့် ဆက်သွယ်ရေး စနစ်များ ရှိရမည် ဖြစ်ကြောင်း ၊ ကွပ်ကဲမှု ဌာနချုပ်မှ အမိန့် တစ်စုံတစ်ရာ ရရှိသည်နှင့် တစ်ပြိုင်နက် ရည်မှန်းချက်ကို အလိုအလျောက် တိုက်ခိုက် နိုင်စွမ်း ရှိရမည် ဖြစ်ကြောင်း အစီရင်ခံစာ တွင် ထပ်မံ ဖော်ပြထား သည်။

မောင်းသူမဲ့ ရဟတ်ယာဉ် များသည် ဖျက်သင်္ဘောများ နှင့် ဖရီးဂိတ် သင်္ဘောများ ကဲ့သို့သော တိုက်ခိုက်ရေး စစ်သင်္ဘောများ ၏ သေးငယ်သည့် ကုန်းပတ်ပေါ်တွင် အတက်အဆင်း ပြုလုပ် နိုင်စွမ်း ရှိကြောင်း ၊ သို့ရာတွင်လေယာဉ်တင် သင်္ဘောများ သည် လေယာဉ်များ အတက်အဆင်း ပြုလုပ်ရန် ကြီးမား ကျယ်ပြန့်သည့် ကုန်းပတ်များ ရှိသော်လည်း မောင်းသူမဲ့ လေယာဉ်များ အတက်အဆင်း ပြုလုပ်ရာတွင် အခြားသော အခက်အခဲ များ တွေ့ကြုံနိုင်ဖွယ် ရှိကြောင်း သိရသည်။


ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို အမေရိကန် နိုင်ငံ၏ မောင်းသူမဲ့ လေယာဉ်များ ကဲ့သို့ စစ်ဆင်မှုများ ပြုလုပ်နိုင် ရန်အတွက် အဓိက အားနည်းချက် များကို ပြင်ဆင် သွားရန် လိုအပ်ကြောင်း အဆိုပါ အစီရင်ခံစာက အကြံပြု ထားသည်ဟုသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...