ရန်ကုန် ၊ ၁-၉-၂၀၁၃
ရန်ကုန်မြို့တွင်း ရှိ လူကူးမျဉ်းကျား
များတွင် အော်တို စနစ်သုံး လူကူး မီးပွိုင့်များ ထပ်တိုး တပ်ဆင်သွား မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန( လမ်း/တံတား)မှ သိရသည်။
ရန်ကုန်မြို့တော် အတွင်း၌ လူကူးမျဉ်းကြား
ပေါင်း ရှစ်ဆယ်နှင့် မီးပွိုင့် နှစ်ရာကျော်ရှိပြီး လက်ရှိတွင် အော်တိုစနစ်သုံး လူကူး
မီးပွိုင့် အလုံးရေ နှစ်ရာကျော် တပ်ဆင်ပြီး ဖြစ်ရာ ယခု ဘဏ္ဍာရေးနှစ် အတွင်း ကျန်ရှိသော
လူကူးမျဉ်းကြား များကို ထပ်တိုး တပ်ဆင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။
မီးပွိုင့်တစ်ခုကို အော်တိုစနစ်သုံး
လူကူး မီးပွိုင့် ရှစ်လုံးလောက် တပ်ဆင် ရတယ်။ မျဉ်းကြားနဲ့ မီးပွိုင့်တိုင်းဆို ရင်တော့
အလုံးရေ တော်တော် များများ တပ်ဆင်ရဦးမယ် ၊ အခုတပ်ဆင် ထားတဲ့ လူကူးမီးပွိုင့် အလုံးအရေ
အတွက်က တော်တော်နည်း နေသေးတယ် ၊ ဒါကြောင့် ဒီဘဏ္ဍာရေး နှစ်မှာပဲ ဘတ်ဂျက် အလိုက် ရသလောက်
ထပ်တပ် သွားမှာပါ ...'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် အတွင်း၌ ၂ဝဝ၇ ခုနှစ်က
လမ်းကူးသူ ကိုယ်တိုင် ခလုပ်နှိပ် ရသည့် လူကူးမီးပွိုင့် များကို တပ်ဆင်ခဲ့ သော်လည်း
အများပြည်သူ သိရှိ အသုံးပြုသူ နည်းပါးခဲ့ပြီး စည်းကမ်းမဲ့ သူများကြောင့် မီးပွိုင့်
အလုပ်များ ပျက်စီးကာ အဆိုပါ စနစ် အောင်မြင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ လူကူးမီးပွိုင့်များ
ကို ပြန်လည် ဖြုတ်သိမ်းကာ ယခုအခါ အော်တိုစနစ်သုံး လူကူးမီးပွိုင့် များကို တပ်ဆင် သွားမည်ဖြစ်ပြီး
ယခင်ခလုပ်နှိပ် အသုံးပြုခဲ့သည့် မီးပွိုင့်များကို ပြန်လည် ပြင်ဆင်ကာ စာသင်ကျောင်း
များရှေ့တွင်တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။ အော်တို စနစ်သုံး လူကူးမီးပွိုင့်
တပ်ဆင်မှုကို ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်း တွင် စတင်ခဲ့ပြီး လူကူးမီးပွိုင့် များအား
တရုတ်နိုင်ငံမှ မှာယူ တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။


No comments:
Post a Comment