Social Icons

Pages

Wednesday, August 14, 2013

ဆက်သွယ်ရေးလုပ်ကိုင်ခွင့်ရ Telenor Myanmar က ပြည်ပရောက် မြန်မာပညာရှင်များ ခေါ်ယူခန့်အပ်မည်


ရန်ကုန် ၊ ၁၄-၈-၂၀၁၃

ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင် များအား ပြန်လည် ခေါ်ယူနိုင်ရေး အတွက် ပြည်ပရောက် မြန်မာ ပညာရှင်များ လက်ခံနိုင်မည့် လစာမျိုးပေး၍ အလုပ်ခန့်အပ် သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ chief People Officer တာဝန် ထမ်းဆောင် နေသူ Mr. Kaew Sringarm က ပြောကြား ခဲ့သည်။

Telenor Myanmar မှ အလုပ်အကိုင် ခေါ်ယူခြင်း အတွက် ယခုနှစ်အတွင်း သုံးသုတ်ခွဲ၍ လုပ်ဆောင် သွားမည်ဖြစ်ပြီး သြဂုတ်လ ၁၃ ရက်မှ စတင်၍ စက်တင်ဘာ လကုန်အထိ ပထမအသုတ် အနေဖြင့် စီမံခန့်ခွဲမှု အပိုင်းတွင် အလုပ်သမား ၂၅ ယောက် ခေါ်ယူ သွားမည် ဖြစ်သည်။

Mr. Kaew Sringarm က " အလုပ် ခေါ်ယူမှု အနေနဲ့ ဒီနေ့က စပြီး စက်တင်ဘာ လကုန်အထိ စီမံခန့်ခွဲမှု အပိုင်းအတွက် ၀န်ထမ်းတွေ ခေါ်ယူ သွားမယ် ၊ အခု ပထမအကြိမ်မှာ နည်းဗျူဟာများ ရေးဆွဲခြင်း နဲ့ လုပ်ငန်း စတင် လည်ပတ် နိုင်ဖို့အတွက် စီမံ အုပ်ချုပ်ခြင်း တွေကို တာဝန်ယူ နိုင်တဲ့ စီမံခန့်ခွဲမှု အဖွဲ့ကို တည်ဆောက် သွားဖို့ ကုမ္ပဏီက လက်ရှိ လိုအပ်လျက် ရှိတဲ့ အတွေ့အကြုံ ရှိတဲ့ စီမံခန့်ခွဲမှု အဆင့် ၀န်ထမ်းများကို အဓိကထား ရည်ရွယ် ခေါ်ယူ သွားမှ ဖြစ်ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

အောက်တိုဘာ နှင့် ဒီဇင်ဘာလ များတွင် နည်းပညာ ကျွမ်းကျင် ပညာရှင်များ ခေါ်ယူ သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း အခြား အလုပ်အကိုင် နေရာများ အတွက်လည်း ခေါ်ယူ သွားမည်ဟု သိရသည်။

Telenor Myanmar မှ ၀န်ထမ်းများအား လုပ်ငန်း ကျွမ်းကျင်မှု နှင် စီမံခန့်ခွဲမှု အရည်အသွေးများ လေ့ကျင့် သင်ကြား ပေးနိုင်ရန် " Telenor Myanmar Academy " အမည်ဖြင့် ကျောင်းတစ်ကျောင်း ကိုလည်း ဖွင့်လှစ် သွားမည် ဖြစ်ပြီး ၄င်း သင်တန်းကျောင်းမှ သင်ကြားပေးမည့် သင်တန်းများသည် လက်တွေ့ အသုံးချ သွားနိုင်ရန် ဖြစ်ကာ ၀န်ထမ်းများအား မိမိတို့၏ အနာဂတ် ရည်မှန်းချက် များကို ရယူ အောင်မြင်နိုင်ရန် နှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင် နိုင်ရန် လိုအပ်သော အသိပညာ နှင့် အတတ်ပညာ များကို လေ့ကျင့် သင်ကြား ပေးမည်ဟု သိရသည်။


" မြန်မာနိုင်ငံသား တွေကိုပဲ အဓိက ထားပြီး ခန့်အပ် သွားမှာပါ ၊ လစာ ဘယ်လောက် ပေးမယ်ဆိုတာ မပြောနိုင် သေးပါဘူး ၊ ဒါပေမယ့် နိုင်ငံခြားမှာ အလုပ်လုပ် နေတဲ့ မြန်မာ တွေကိုပါ ပြန်ခေါ်နိုင်အောင် သင့်တင့်တဲ့ လစာကို ပေးသွားမှာပါ ၊ လစာကို ဒေါ်လာ ဒါမှမဟုတ် မြန်မာငွေနဲ့ ပေးဖို့က ဒီကလူတွေကို လိုအပ်တဲ့ အတိုင်း ပေးချေ သွားမှာပါ .... " ဟု Mr. Kaew Srigarm က ဆက်လက် ပြောကြား ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...