ရန်ကုန် ၊ ၁၄-၈-၂၀၁၃
ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိလျက်
ရှိသော အမှိုက်များမှ လျှပ်စစ် ဓာတ်အား ထုတ်ရန် ပြည်တွင်း ပြည်ပဖက်စပ် ကုမ္ပဏီ ၁၀ ခုတို့က
အုပ်စုနှစ်ခု ခွဲ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး
ကော်မတီ မှ သိရသည်။
အဆိုပါ လျှပ်စစ် ထုတ်လုပ်မှုတွင် ပထမအုပ်စု
အဖြစ် ပါရမီ အင်ဂျင်နီယာ အုပ်စု ကုမ္ပဏီ လီမိတက် ( စင်ကာပူ နှင့် မြန်မာ ) Myanmar
Immortal Trading Engineering Group ကုမ္ပဏီ ၊ Organic Group PLC ကုမ္ပဏီ နှင့် ကောင်းကျော်စေ
အင်ဂျင်နီယာ ကုမ္ပဏီ တို့မှ ထိန်ပင် အမှိုက်များကို လျှပ်စစ် ထုတ်လုပ်ရန် လုပ်ဆောင်မည်
ဖြစ်သည်။
ဒုတိယ အုပ်စုဖြစ်သော JFE အင်ဂျင်နီယာ
ကော်ပိုရေးရှင်း ၊ ရွှေကမ္ဘာ မောင်မောင် (
Talasco Shwe Kaba ကုမ္ပဏီ ) Cypark Resources Berhad & First Myanmar
Investment ၊ ဖွဲဖွဲထိုက် Mining Co., Ltd & Talkar Global SDN BHD , Zaya
& Associates Co., Ltd and Hyundia Rotem Company , MT Green Energy Solution
Sun DHD နှင့် ကိုရီးယား စွမ်းအင် ကုမ္ပဏီ တို့က ထားဝယ်ချောင် အမှိုက်များကို လျှပ်စစ်
ထုတ်လုပ်မှု များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ " ထွက်ရှိလာတဲ့ လျှပ်စစ်တွေကို
တော့ လျှပ်စစ် ဓာတ်အားပေးပေး ဌာန ( YESB ) က တာဝန်ယူ ဆောင်ရွက် သွားမှာပါ ...
" ဟု စည်ပင်ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
ရန်ကုန် မြို့တော်တွင် တစ်နေ့လျှင်
အမှိုက် ထွက်ရှိမှု တန်ချိန် ၁၅၀၀ ခန့်ရှိပြီး ထိန်ပင်တွင် တစ်နေ့လျှင် အမှိုက်တန် ၈၀၀
ကျော် ၊ ထားဝယ်ချောင် တွင် တန် ၆၀၀ ကျော် စွန့်ပစ်လျက် ရှိကြောင်း နှင့် လက်ရှိတွင်
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ( သန့်ရှင်းရေး ဌာန ) မှ နေ့စဉ် နေ့စား ၀န်ထမ်း
၃ ထောင်နှင့် အမှိုက်ကား ၂၈၉ စီးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


No comments:
Post a Comment